Pages

18.7.13

အမေရိကန်သို့ ငါးတင်ပို့နိုင်ရန် သယ်ယူပို့ဆောင်ရေးစရိတ် အခက်အခဲဖြစ်နေ

့မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချလိုသော်လည်းသင်္ဘောတင်ပို့ခ သယ်ယူပို့ဆောင်ရေးစရိတ်နှင့်မြင့်မားနိုင်သောကြောင့် အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်းငါးလုပ်ငန်းရှင်များထံမှ သိရှိရသည်။


ပြည်ပသို့ ယခင်တင်ပို့ရာတွင် တရုတ်နိုင်ငံသို့သာ တင်ပိုခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် ငါးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ပိုမိုရရှိနိုင်သောအမေရိန်နိုင်ငံသို့ တင်ပို့လိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံတကာ ငါးဈေးကွက်မှာ ဈေးကွက် လိုအပ်ချက်က သူ့လိုအပ်ချက်နဲ့သူရှိတယ်၊ တစ်ချို့က အကောင်လိုက် ရောင်းရင် ဈေးပိုရတယ်၊တစ်ချို့က အသားလွှာကို ဈေးပိုပေးတယ်၊ ရေခဲရိုက်တဲ့ အသားလွှာ၊ရေခဲရိုက်ထားတဲ့ အကောင်လိုက်ဆိုပြီး တစ်ခုနဲ့တစ်ခု မတူဘူး” ဟု အသားငါးပြုပြင်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်တိုးနန္ဒာတင်က ဆိုသည်။

နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာတွင် သက်ဆိုင်ရာ ဈေးကွက်လိုအပ်ချက်များ နှင့် တင်ပို့မှုဆိုင်ရာ နည်းစနစ်များကို လေ့လာပြီး
တင်ပို့မှသာ ဈေးနှုန်းများပိုမိုရရှိနိုင်မည်ဖြစ်ပြီး တဆင့်ပြီးတဆင့်ပြုလုပ်မှသာ ဈေးကွက်နေရာရနိုင်မည်ဟု ထင်မြင်မိကြောင်း ဒေါ်တိုးနန္ဒာတင်က သုံးသပ်ပြော ဆိုသည်။


ပြည်ပသို့ ငါးတင်ပို့မှုအတွက် Winrock Internation မှ လေ့လာချက်များကိုပြည်တွင်း ငါးလုပ်ငန်းရှင်များအား ရှင်းလင်းသည့် ဆွေးနွေးပွဲတစ်ရပ်ကိုရန်ကုန်မြို့ မြန်မာနိုင်ငံငါးလုပ်ငန်း အသင်းချုပ်၌ ဇူလိုင်လ (၁၆)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"နိုင်ငံတကာမှာရှိတဲ့ ပေးထားတဲ့ လမ်းညွှန်မှုတွေ ၊ Export တင်ပို့မှုတွင်လိုအပ်တဲ့ အချက်အလက်တွေကို အကူအညီပေးသွားမှာပါ၊ ကျွန်တော်တို့အမေရိကန်မှာ ငါးတင်သွင်းတဲ့လုပ်ငန်းရှင်တွေနဲ့ အဆက်အသွယ်ရ အောင်လုပ်ပေးသွားမှာပါ" ဟု ဆွေးနွေးပွဲတွင် လာရောက်ဆွေးနွေးသူ Mr.Burt Hicks ကဆိုသည်။

ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေးရှုသည့် မွေးမြူရေး အလေ့အကျင့် (Organic အစာ)များရှိအောင် ပြုလုပ်ခြင်း နှင့်(Aquaculture Stewardship Council
“Farmed Responsibly” certification) ကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါက နိုင်ငံတကာဈေးကွက်တွင်
အမြင့်ဆုံးဈေးနှုန်းများ ရရှိနိုင်ကြောင်း ၄င်းက အကြံပြုပြောဆိုသွားသည်။

Winrock International မှ Mr.Burt Hicks သည် မြန်မာနိုင်ငံသို့ဇွန်လ(၁)ရက်နေ့တွင်ရောက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး ရှိ
ငါးမွေးမြူရေးလုပ်ငန်းများကို USAID ၏ အကူအညီဖြင့် လေ့လာပြီးပြည်ပတင်ပို့မှု နှင့် ပတ်သတ်သည့် လိုအပ်ချက်များကို
ပြည်တွင်းငါးလုပ်ငန်းရှင်များအား အကြံပြု ပြောဆိုသွားခြင်း ဖြစ်သည်။

မြန်မာငါးလုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးကုန်ကျစရိတ်သာမက တင်ပို့ခ သယ်ယူပို့ဆောင်ရေး စရိတ်ပါအရင်းအနှီးဖြစ်ထားရမည်ဖြစ်သောကြောင့် တရုတ်သို့ တင်ပို့ခြင်း နှင့်အမေရိကန်သို့ တင်ပို့ရာတွင် ဈေးနှုန်းကွာခြားမှုမရှိပါက မွေးမြူရေး
စရိတ်သာ ရင်းနှီးရမည့် တရုတ်နိုင်ငံ သို့သာ တင်ပို့မည်ဖြစ်ကြောင်းကို ငါးလုပ်ငန်းရှင်များက ချိန်ဆ သုံးသပ်နေကြောင်း သိရှိရသည်။

"အရင်က တရုတ်ကိုရောင်းတယ်၊ အခု အမေရိကန်ကိုပို့ဖို့ကျတော့ ရေခဲရိုက်ပြီးသင်္ဘော တင်ပို့ခ ကို မသိသေးဘူး ၊ အဲဒီနှစ်ခုကို ချိန်ပြီး ဘယ်ဟာက ပိုပြီးဈေးရမယ်၊ အဆင်ပြေမယ် ဆိုတာကို ချိန်ပြီးလုပ်ရမယ် "ဟု ငါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။

၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း မေလ ၂၁ ရက်နေ့၌နှစ်နိုင်ငံအစိုးရကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြုပ်နှံမှု
သဘောတူညီမှုကြမ်း အား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည့်အပြင်
မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့မှုအတွက်
အခွန်ကင်းလွတ်ခွင့်ရရှိထားသောကြောင့် ပြည်တွင်း
မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် ယခုကဲ့သို့ တင်ပို့ရန်
ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

http://myitmakhamediagroup.com/news

No comments:

Post a Comment