ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ကြုံတွေ့နေသော
ရေစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် မြစ်ရေမြင့်တက် လာမှုကြောင့်
ကမ်းပြိုမှု သက်သာစေရန် ပြုလုပ် ထားသော ရေလှိုင်းကာတန်း များ
မျောပါပျက်စီး သွားပြီး ကျေးရွာအတွင်း မြစ်ရေများ ၀င်ရောက်လာကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် ကမ်းပြိုမှု သက်သာစေရန် အတွက် ဇူလိုင် ၁၃ ရက်မှစ၍
ပြုလုပ်ခဲ့သော ရေလှိုင်းကာ တန်းများမှာလည်း မြစ်ရေတိုက်စားမှု ဒဏ်ကြောင့်
ဇူလိုင် ၁၄ ရက်မှစ၍ မျောပါပျက်စီးခဲ့ကြောင်း ဒေသခံ ကျေးရွာသားများ၏
ပြောကြားချက်အရ သိရသည်။
မြစ်ရေများ ကျေးရွာအတွင်း ၀င်ရောက်လာသည့်
အတွက် နေထိုင်ရေး အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း၊
ကျေးရွာမူလတန်းကျောင်းအား ယာယီ ပိတ်ထားရကြောင်းနှင့် ကမ်းပြိုမှုဆက်လက်
ဖြစ်ပေါ်နေသည့် အတွက် နေအိမ်များ ထပ်မံရွှေ့ပြောင်း နေရကြောင်း
ဒေသခံရွာသားများ၏ ပြောကြားချက်အရ သိရသည်။
''ရေက တအားများလာတော့
ရွာထဲဝင်လာတယ်။ အိမ်အတော် များများလည်း ကုန်းအမြင့်တွေပေါ်ကို ရွှေ့နေရတယ်။
ရွာစာသင်ကျောင်းလည်း ယာယီပိတ်ထားရတယ်။ ကမ်းပြိုတာလည်း မရပ်သေးတော့ အိမ်တွေက
ထပ်ရွှေ့နေရတုန်းပဲ။ မြို့နယ်က ပြောင်းဖို့ပေးထားတဲ့ နေရာကလည်း
ရေတွေအပြည့်နဲ့ ဆိုတော့ ပြောင်းစရာမြေ အခက်အခဲ ဖြစ်နေတယ်'' ဟု ရှစ်အိမ်တန်း
ကျေးရွာသူ ဒေါ်မေကြည်က ပြောကြားသည်။
ကမ်းပါးပြိုကျသဖြင့် နေအိမ်
၁၂၀ နီးပါး ရွှေ့ပြောင်းခဲ့ရပြီး သက်ဆိုင်ရာမှ ကျေးရွာရွှေ့ပြောင်းရန်
ချထားပေးသော မြေနေရာမှာလည်း မြစ်ရေ ၀င်ရောက်နေခြင်းကြောင့် နေထိုင်ရေး
အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
Eleven Media Group
ချင်းတွင်းမြစ်ရေ တက်လာမှုကြောင့် ရေစကြို ရှစ်အိမ်တန်း ကျေးရွာအတွင်း ရေများဝင်ရောက်နေစဉ်
No comments:
Post a Comment