မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း
မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်
အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သော ကိုယ်ရေး အတ္ထုပတ္တိများ
ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အာဇာနည်နေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ကံတက်ကုန်း ကျောင်းမှ
ကျောင်းသားများက အာဇာနည် ခေါင်းဆောင်ကိုးဦးတို့၏ ပုံများ၊
လွမ်းသူပန်းခွေများကို ကိုင်ဆောင်ကာ ကျောင်းပတ်လည် တစ်မိုင်ခွဲ
ဝန်းကျင်သို့ လှည့်လည်လမ်းလျှောက်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားကို (၉)နာရီ အချိန်တွင် ကျောင်းတိုက်၏ ပဒန္ဒနာယက
ဆရာတော် ဘဒ္ဒန္တ တေဏောဘာသက အဖွင့်သြဝါဒ မိန့်ကြားခဲ့ပြီး
ဆရာညီစေမင်း၊ဆရာဦးသိန်းတန်၊ ဆရာဦးရွှေထူးနှင့် ကိုထက်(ရေဦး)တို့မှ အာဇာနည်နေ့ အောက်မေ့ဖွယ်များ၊ ကဗျာများကို ရွတ်ဆို ဟောပြော၍ သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။
ယင်းအခမ်းအနားသို့ မြင့်မြတ်ဧရာဝတီ လူမှုကွန်ယက်၊ သုခရိပ်မြုံလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၊ တက္ကသိုလ်ဆရာများသမဂ္ဂ(မဟာအောင်မြေ)၊ အမေ့ကျောင်းမိသားစု၊ ရှစ်လေးလုံးငွေရတု အခမ်းအနားကျင်းပရေး ကော်မတီ(အထက်မြန်မာပြည်)၊ သစ်ပင်ပန်းမန်စိုက်ပျိုးသူများအသင်းနှင့် မေတ္တာကြယ်စင် လူငယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
လူလူ
မြန်မာ့ခေတ်
No comments:
Post a Comment