Da Vinci Code၊ Angels and Demons အစရှိတဲ့ ဝတ္ထုတွေကို ရေးသားခဲ့တဲ့
နာမည်ကျော်စာရေးဆရာ ဒန်ဘရောင်း ရဲ့ နောက်ဆုံးထွက်ဝတ္ထု Inferno ကို ရုပ်ရှင်
အဖြစ် ရိုက်ကူးဖို့အတွက် နာမည်ကျော် သရုပ်ဆောင်တွမ်ဟန့်ခ်နဲ့ ဒါရိုက်တာ
ရွန်ဟောင်းဝပ်တို့ဟာ တတိယအကြိမ် ထပ်မံလက်တွဲခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။
တွမ်ဟန့်ခ်နဲ့ ရွန်ဟောင်းဝပ် တို့ဟာ ဒန်ဘရောင်းဝတ္ထုတွေ ဖြစ်တဲ့ Da Vinci
Code နဲ့ Angels and Demons တို့ကို ရုပ်ရှင်အဖြစ် ရိုက်ကူး ခဲ့ဖူးပြီး
အောင်မြင်မှုများစွာ ရရှိခဲ့ဖူးတဲ့ အတွက် အခုလို Inferno ဝတ္ထုကို
ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ထပ်မံစီစဉ်ခဲ့တာ ဖြစ်ပါတယ်။
တွမ်ဟန့်ခ်ဟာ ယခုဇာတ်ကားမှာလည်း အရင်ဇာတ်ကားတွေမှာ သရုပ်ဆောင်
ခဲ့တဲ့အတိုင်း ဒန်ဘရောင်းရဲ့အဓိက ဇာတ်ကောင်ဖြစ်တဲ့ သင်္ကေတပညာရှင် ဒေါက်တာ
ရောဘတ်လန်ဒန်အဖြစ် ဆက်လက် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
တွမ်ဟန့်ခ်နဲ့ ဒါရိုက်တာ ရွန်ဟောင်းဝပ် အပြင် Da Vinci Code နဲ့ Angels and
Demons ဇာတ်ကားတို့ကို ဇာတ်ညွှန်း ရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ
ဒေးဗစ်ကို့ဖ်လည်း ပြန်လည်ပါဝင်မယ်လို့ သိရပါတယ်။
Inferno ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသနိုင်ဖို့ ခန့်မှန်း ထားတယ်လို့ Imagine Entertainment က ကြေညာထားပါတယ်။
Inferno ဝတ္ထုဟာ ဒန်ဘရောင်း အနေနဲ့ သင်္ကေတပညာရှင် ဒေါက်တာ ရောဘတ်လန်ဒန်ကို
အဓိကဇာတ်ကောင် အဖြစ် ထားပြီးရေးတဲ့ စတုတ္ထမြောက်ဝတ္ထု ဖြစ်ပြီး
တတိယမြောက်ဝတ္ထု ဖြစ်တဲ့ The Lost Symbol ကိုလည်း ရုပ်ရှင်ရိုက်ဖို့ စီစဉ်
ဖူးပေမယ့် ဒါရိုက်တာရွန်ဟောင်းဝပ် တာဝန် မယူနိုင်တဲ့အတွက် မရိုက်ကူးဖြစ်
ခဲ့ပါဘူး။
The Voice Weekly
No comments:
Post a Comment