Pages

19.7.13

iPhone 5 အတွက် သက်ကယ် ကာဗာ

ရေလမ်းခရီးသွားသူများအတွက် ထုတ်လုပ်ထားခြင်း ဖြစ် ပါတယ်။ ရေလမ်း ခရီး ရယ်လို့ မဟုတ်ပဲ မိုးရေစိုစွတ်တဲ့ ဒေသမှာနေထိုင်သူတို့၊ ပင်လယ် ကမ်းခြေ ခရီးသွားသူတို့ ဖြစ်ပါတယ်။

ရေအနက် ၆.၆ ပေအထိ ကျလို့ဘာမှ မဖြစ်ပါဘူး။ ပင်လယ်ထဲကျလည်း ဘာမှ မဖြစ်ပါဘူး။

ဘာလို့လဲဆို ရေပေါ်မှာ ပေါ်စေမှာမို့ ဖြစ်ပါတယ်။ Life jacket ကာဗာ ဖြစ်တဲ့အတွက် ရေပေါ်ပေါ်စေမှာ ဖြစ်ပါတယ်။ ရေလုံ၊ ဖုံလုံ ပြီး အကြမ်းခံစေမယ့် ကာဗာလို့ ဆိုပါတယ်။

Lifeproof လို့ အမည်ပေးထားပါတယ်။ အပြာ၊ အဖြူ၊ အနက်၊ အနီ အရောင် လေးမျိုးနဲ့ ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ ၈၀ နဲ့ အမေရိကန်နဲ့ ဥရောပတို့မှာ ဖြန့်ချိနေပြီဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

No comments:

Post a Comment