အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password
ထားမိပြီး မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။
Password ကလည်း ဘယ်လိုမှ စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း
တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့
လိုအပ်လာပါလိမ့်မယ်။
( Lock
မကျထားတဲ့ ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာ လုပ်နိုင်ပေမဲ့
Locked ဖြစ်နေတဲ့အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့အတွက် Key တွေကို
နှိပ်ပြီး အောက်ဖော်ပြပါနည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ )
Lumia ကို ပြန်အသုံးပြုနိုင်ဖို့ တစ်နည်းအားဖြင့် Format လုပ်ပြီး Factory
Reset ချကာ ပြန်လည် အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း
ဆောင်ရွက်နိုင်ပါတယ်။
Warning!! Lock ကျထားတဲ့ ဖုံးက Data တွေကတော့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
Locked Lumia Phone ကို Factory Reset လုပ်ဖို့ လိုအပ်လာပြီဆိုရင် အလွယ်ကူဆုံး နည်းလမ်းကတော့
Step 1
ဖုံးကို Charger မှာ မတက်ထားပါနဲ့။
1. ဖုံးကို ပိတ်လိုက်ပါ။
2. ပိတ်သွားပြီဆိုရင် Volume down Key ကို နှိပ်ထားပြီး charger နဲ့
အားသွင်းလိုက်ပါ။ မှန်ကန်တယ်ဆိုရင် exclamation mark (!) အကြီးကြီး
တစ်ခုတည်း screen မှာ ပေါ်လာပါလိမ့်မယ်။
(OS reset ကို
ဆက်မလုပ်ချင်တော့ပဲ Normal MOde ကို ပြန်ထွက်ချင်တယ်ဆိုရင် Volume Down +
Power Key ကို 10Seconds လောက် နှိပ်ထားပေးလိုက်ပါ။).
Step 2
(!) ပေါ်နေတဲ့ အချိန်မှာ ဖော်ပြပါ အစီအစဉ်အတိုင်း Keys များကို တစ်ခုဖြင်း နှိပ်သွားပါ။
1. Volume up
2. Volume down
3. Power
4. Volume down
မှန်ကန်တယ်ဆိုရင် ဖုံး Restart ဖြစ်သွားပါလိမ့်မယ်။
Step 3
Restart ပြီးသွားတာနဲ့ Reset လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့
စက်သွားနှစ်ခုလည်နေတဲ့ ပုံမျိုးကို တွေ့ရပါလိမ့်မယ်။
အားလုံးပြီးဆုံးသွားပြီ ဆိုရင်တော့ Factory Setting နဲ့ Reset ဖြစ်ပြီးသား
Lumia Phone အနေနဲ့ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
ယခင်က ဖုံးကို Live
Account နဲ့ ချိတ်ဆက်ပြီး Backup လုပ်ထားတာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ယခင်က
Data အချို့ကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။
TineHtetAung: TechSpace Tech Team
TechSpace Journal
No comments:
Post a Comment