Pages

19.7.13

နန်းထိုက်တော်ဝင်စားသောက်ဆိုက်ပိုင်ရှင်က unity journal ကိုတရားစွဲရန်ပြင်ဆင်

ယူနတီဂျာနယ် အတွဲ၂၊ အမှတ်၂ ၇အချပ်ပိုAတွင် ဖော်ပြပါရှိသော “နန်းထိုက်တော်ဝင်ပိုင်ရှင် ဦးအိုက် လင်း အား ကျင့်၅၉အရ ကြိုးတုတ်ဖမ်းဆီးပြီး နီးစပ်ရာရဲစခန်းသို့ပို့မည်”ဟူသော သတင်းနှင့် ပတ်သတ်၍ unity journal နှင့် အဆိုပါသတင်းကို ရေးသားသော
သတင်းထောက်ချုပ်ကို ပြန်လည်ဖြေရှင်း ပေးရန် တောင်းဆို မည်ဖြစ်ပြီး မဖြေရှင်းပေးပါက တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ကြေညာချက်အရ သိရသည်။

အဆိုပါ ဦးအိုက်လင်း၏ အသိပေး ကြေငြာစာကို မြ၀တီသတင်းစာ၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအိုက်လင်း၏ကြေညာချက်တွင်“ကျွန်တော်ဦးအိုက်လင်းသည် ရဲအရေးပိုင်သော အာမခံပေးခွင့် မရှိသော ပြစ်မှု တစုံတရာကို အများပြည်သူရှေ့မှောက်တွင် ကျုးလွန်နေသူ မဟုတ်သည့်အပြင် ပြစ်မှုကျုး လွန်ကြောင်း ကြေညာခံ ထားရသူလည်း မဟုတ်ပါသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၉အရ အရပ် သားက ကျွန်တော်ဦးအိုက်လင်းအပေါ် ကြိုးတုတ်ဖမ်းဆီးပိုင်ခွင့် မရှိသည်ကို လူကြီးမင်းတို့ကောင်းစွာ သိရှိမည်ဖြစ် ပါသည်”ဟု ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ “လူကြီမင်းတို့၏ သတင်းဂျာနယ်တွင် တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်ပြီး မမှန်မကန် ရေးသားဖော်ပြခဲ့သည့် ကျွန်တော်ဦးအိုက်လင်း၏ ဂုဏ်သိက္ခာကို ထိပါးစေ သည့် အပြင် ရာဇ၀တ်မကင်းသော ခြောက်လန့်မှုလည်း ဖြစ်စေပါသည်။ထို့ပြင် လူကြီးမင်းတို့၏ သ တင်း ဂျာနယ်တွင် ယခုဖော်ပြမှုကြောင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့တွင် လူအုပ်စုဖွဲ့ပြီး ဆူပူ ရမ်း ကား မှု အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြား မှုဖြစ်ပေါ်စေ ခဲ့ရပါသည်”ဟု ဖော်ပြပါရှိကြောင်း ဆက်လက် သိရသည်။

Unity Journal မှ ရေးသားထားသော သတင်းစာများတွင် အဆိုပါစကားများသည် ဒီမိုကရေစီရေး စဉ်ဆက် မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုထင်ကျော်က ပြောသည်ဟု ပါရှိကြောင်းလည်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment