မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ တင်ပေးမယ်
မြန်မာနိုင်ငံက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ကနေ ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကြမ်း ကို လွှတ်မှာတင်သွင်းနိုင်ဖို့အတွက် အငြင်းပွားမှုတွေဖြစ်နေချိန်မှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကနေပြီး ဒီဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းပေးမယ်လို့ ပြောလိုက်ပါတယ်။
အရင်က စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့က ရေးဆွဲထားတဲ့ သတင်းမီဒီယာ
ဥပဒေကြမ်းထဲက အချက် ၁၇ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက
ပြုပြင်ရေးဆွဲခိုင်းခဲ့ပြီး မပြုပြင်နိုင်ရင် လွှတ်တော်မှာ ကိုယ်စားပြုတင်သွင်းပေးမှာမဟုတ်သလို
တဖက်ဖက်က တင်သွင်းခဲ့ရင်လည်း အစွမ်းကုန် ကန့်ကွက် သွားမှာဖြစ်တယ်လို့
ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် စာနယ်ဇင်းကောင်စီ အဖွဲ့ကလည်း
ပြင်ခိုင်းတဲ့အချက်တွေထဲမှာ စာနယ်ဇင်းသမားတွေ အပေါ် ဖိနှိပ်မှုတွေ ရှိမှာဖြစ်တဲ့အတွက် ကန့်ကွက်နေတာ ဖြစ်ပါတယ်။
စာနယ်ဇင်းသမားတွေကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြဌာန်းချက် ၁၇ ချက်ကို
ကန့်ကွက်တဲ့အကြောင်း ပြည်သူတွေဆီက လက်မှတ်ကောက်ခံနေပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကန့်ကွက်ကြောင်း လက်မှတ်ရေးသွားဖို့ရှိတယ်လို့ ၈ လေးလုံးငွေရတု အခန်းအနားကို ရောက်ရှိစဉ် ပြောကြားခဲ့ပါတယ်။
မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်းပေးမယ့်
အကြောင်းနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က အားကစား၊ ယာဉ်ကျေးမှုနှင့်
ပြည်သူ့ဆက်ဆံရေး ဖွံဖြိုးတိုးတက်ရေး ကော်မတီ တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
“အဓိကကတော့
ဒီစာနယ်ဇင်းကောင်စီက ဖြစ်လိုတဲ့ဆန္ဒအတိုင်း ကျနော်တို့ ဒီအတိုင်း တင်ပေးမယ်။
သူတို့ တင်ပေးတဲ့အတိုင်းပဲ မဖြတ်မတောက်ပဲနဲ့ တင်ပေးလိုက်မှာ လွှတ်တော်ကို။
ဒါပေမယ့် ကျနော်တို့ တပိုက်ချင်းစီကိုတော့ ဘယ်အပိုက်က ဘာကြောင့်
စွဲစွဲမြဲမြဲ ကိုင်ထားရပါတယ် ဆိုတဲ့ အချက်ကို ကျနော်တို့ ကိုယ်၌ကပဲ
ကိုင်ထားရမယ်။ ပြန်ကြားရေးဝန်ကြီးဌာနက သူတို့သဘောမတူဘူး ဆိုတဲ့
အကြောင်းကိုလည်း သူတို့အနေနဲ့ လည်းလွှတ်တော်မှာပြောခွင့်ရှိတယ်။ ကျနော်တို့ လွှတ်တော်က လည်း မီးဒီယာလောက သားတွေရဲ့ ဖြစ်လိုတဲ့ ဆန္ဒကို ကာကွယ်ဖို့ ကျနော်တို့ ဖက်က လည်း လိုအပ်တယ်။”
ABC Radio Australia
ရန်ကုန်မြို့မှာတွေ့ရတဲ့ သတင်းစာနဲ့ဂျာနယ်ရောင်းချမှု (Credit: Reuters)
No comments:
Post a Comment