Pages

25.8.13

ဒေါ်အောင်ဆန်းစုကြည်က ပြောရေး ဆိုခွင့် ရှိသူ ၂ ဦး ခန့်အပ် တာဝန်ပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ရေးရာ ကိစ္စများ နဲ့ ပတ်သက်ပြီး ပြောရေး ဆိုခွင့် ရှိသူ ၂ ဦးကို ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။



အခုလို ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ရေးရာ ပြောရေး ဆိုခွင့် ရှိသူ အဖြစ်တာဝန်ပေးလိုက်သူတွေ ကတော့ ဦးဝင်းမြင့် ( ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် - ပုသိမ်မြို့) နဲ့ ဦးဇေယျာသော် ( ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်- နေပြည်တော်၊ ပုပ္ဖသိရိမြို့နယ်) တို့ ဖြစ်ကြတယ်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ရှိသူတဦးကအတည်ပြု
ပြောကြားပါတယ်။

သတင်း မီဒီယာတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အဆိုပါ ၂ ဦးက တာဝန်ခံ ဖြေကြားသွားမှာ
ဖြစ်တယ်လို့လည်း သိရပါတယ်။

ပါတီပြောရေး ဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင် အစရှိသည့် ပါတီ၏ သတင်းနှင့် ပြန်ကြားရေး တာဝန် ယူထားသူများအပေါ် သတင်းဌာနများက ဆက်သွယ်ခဲ့ရတွင် အခက်အခဲများ ရင်ဆိုင်ကြရကြောင်း မီဒီယာသမား
များက ပြောကြပါတယ်။

NLD ပါတီဟာ ပါတီကြီး တခုအနေနဲ့ မီဒီယာတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့နေ
ရာမှာ တာဝန်ခံ ဖြေကြားနိုင်ရေး အားနည်းမှုတွေ ရှိတယ်လို့ သူတို့က အကြံပြုကြပါတယ်။

ဧရာဝတီblog

No comments:

Post a Comment