မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးခေါင်၍ ပြည်ပပို့
ပဲမျိုးစုံအထွက်နှုန်း သုံးပုံတစ်ပုံခန့် လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ
ပဲနှင့် နှမ်းကုန်သည်များ အသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က The Voice
သို့ ပြောကြားသည်။
အဆိုပါ
ပြည်ပပို့ ပဲမျိုးစုံ အထွက်နှုန်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဲထွက်ရာသီ
အထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက မတ်ပဲ ၃၀ ရာခိုင်နှုန်း၊ ပဲတီစိမ်း ၄၀
ရာခိုင်နှုန်းခန့်နှင့် ပဲစင်းငုံ ၃၅ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ပြီး
ယင်းသို့ ပဲမျိုးစုံ အထွက်နှုန်း လျော့ကျခဲ့ခြင်းမှာ မစိုက်ပျိုးခင်
နှစ်လခန့်အလိုတွင် ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်ကာ အပူလွန်ကဲမှုများ ဖြစ်ပေါ်
ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ
တစ်နိုင်ငံလုံးတွင် လက်ရှိ ပဲထွက်ရာသီ၌ မတ်ပဲတန် ချိန် လေးသိန်း၊
ပဲစင်းငုံတန်ချိန် တစ်သိန်းငါးသောင်းနှင့် ပဲတီစိမ်းတန် ချိန်
နှစ်သိန်းငါးသောင်းခန့်သာ ထွက်ရှိခဲ့ရာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်
ပဲထွက်နှုန်းအောက် ပဲတန်ချိန် သိန်းဂဏန်းအထွက် လျော့ ကျခဲ့ကြောင်း
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ
စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဲထွက်ရာသီအတွင်းက
မတ်ပဲ တန်ချိန် ခြောက်သိန်း၊ ပဲစင်းငုံတန်ချိန် နှစ်သိန်းငါးသောင်းနှင့်
ပဲတီစိမ်းတန်ချိန် သုံးသိန်း ထွက်ရှိခဲ့ကြောင်း အဆိုပါအသင်း၏
ထုတ်ပြန်ချက်များအရ သိရသည်။
“မြန်မာ ပဲအထွက်နှုန်း လျော့တယ်ဆိုပေမယ့် အိန္ဒိယက ပဲလျှော့ဝယ်နေလို့ လောလောဆယ်တော့ မတ်ပဲဈေးတွေ ကျ
သွားတယ်။ အခုဖြစ်နေတဲ့ ပဲဈေးက ဒေါ်လာဈေးနဲ့လည်း ဆိုင်
တယ်” ဟု ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပပို့ ပဲမျိုးစုံလုပ်ငန်းရှင် ဒေါက်တာမြတ်စိုးက ဆိုသည်။
လက်ရှိ ပြည်တွင်းပဲမျိုးစုံ ဈေးကွက်တွင် မတ်ပဲ (SQ) တစ်တန်လျှင် ကျပ်
၅၂၅,၀၀၀ ၊ ပဲစင်းငုံ နီ (RC) တစ်တန်လျှင် ၅၅၃,၀၀၀ ကျပ်၊ ပဲတီစိမ်း ရွှေဝါ
တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ခန့်၊ မတ်ပဲ (Raw) ၄၈ ကီလိုပါ တစ်အိတ်လျှင်
၄၆,၅၀၀ ကျပ် ဈေးပေါက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် ဘုရင့်နောင်
ပဲဈေးကွက်အတွင်းမှ သိရသည်။
The Voice Weekly
No comments:
Post a Comment