ယနေ့နံနက်
၈နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ
မှန်စီချောင်းဝတွင် အလောင်းတစ်လောင်း တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါ
အလောင်းအား ရဲတပ်ဖွဲ့ ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်စဉ်
ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီ
လူမျိုးများက လာရောက်ကြည့်ရှု ခဲ့ကြောင်း၊ ကြည့်ရှုသူ အင်အား ၅ဝဝခန့်
ဖြစ်လာသဖြင့် ရဲတပ် ဖွဲ့ဝင်များက
လူစုခွဲရန် ပြောကြားစဉ် အာလန် ၁၆နှစ်က
ဒုတိယ ရဲမှူး ဌေးဝင်းအား ဝင်ရောက် ရိုက်နှက် ခဲ့ကြောင်း၊ ကျန်လူများ ကလည်း
ရဲတပ်ဖွဲ့ဝင် များအား ရန်ပြုခဲ့ကြ သဖြင့် ရဲတပ်ဖွဲ့ဝင်များက
ရော်ဘာကျည်ဖြင့် သတိပေး ပစ်ခတ် တားဆီး ခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ်လူစု ခွဲမှုကြောင့် သုံးဦးဒဏ်ရာ ရရှိခဲ့သော်လည်း စိုးရိမ်ဖွယ်
မရှိကြောင်း၊ ပြန်လည် ဆုတ်ခွာသွားသော လူအုပ်စု များက အုန်းတောကြီး
ရဲကင်းအား မီးရှို့ခဲ့သဖြင့် ယာယီ လူနေတဲ လေးလုံး မီးလောင်
ပျက်စီးခဲ့ကြောင်း၊ မီးရှို့ ဖျက်ဆီး သူရှစ်ဦး အား ဖမ်းဆီးရမိ ခဲ့ကြောင်း
သိရှိရသည်။
သြဂုတ် ၄ရက် နံနက် ၉နာရီ ၄၅မိနစ်က ဘုမေကျေးရွာ အုပ်စု
ကော်ကာဒီ ရွာနှင့် ၃ဖာလုံခန့် အကွာ ပင်လယ်ဝတွင် ငါးဖမ်း လှေတစ်စီး
နစ်မြုပ်ခဲ့ရာ လှေပေါ်ပါသူ ဘင်္ဂါလီ ခုနစ်ဦးအနက် အဒူရော်ရှိ ၃၄နှစ်
ဆိုသူတစ်ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ယခုတွေ့ရှိရသော အလောင်းမှာ ရေနစ်
သေဆုံးသော အလောင်း ဖြစ်နိုင်သဖြင့် အတည်ပြုနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာ အနီးရှိ
ဘောဒူဖ ရွာတွင် စုဝေးနေသော လူအုပ်စုအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့်
နယ်စပ်ရေးရာ ဝန်ကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့ နှင့်အတူ ကုလသမဂ္ဂ
ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့မှ တာဝန်ရှိသူများက
အခြေအနေကို ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မြ၀တီ
No comments:
Post a Comment