သယံဇာတများကို အများဆုံး အသုံးပြုခွင့်ရရှိရန် တောင်းဆိုနေသည့်
ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် လျှပ်စစ် မီတာခများကို ရုတ်တရက်
တိုးမြှင့် ကောက်ခံနေပြီး ယင်းနှုန်းထားအတိုင်း မပေးပါက လျှပ်စစ်သုံး
စွဲခွင့်ကို ရပ်ဆိုင်းသွားမည်ဖြစ်ဟု လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးခွင့်ရထားသည့် ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီ၏
ငွေတောင်းခံလွှာတွင် ပါရှိကြောင်း
စစ်တွေမြို့ ဒေသခံများက ပြောကြားသည်။
ဒီဇယ်ဈေး တက်သည်ဟုဆိုကာ မီတာခ တစ်ယူနစ်လျှင် ၄၆၀
ကျပ် မှ ၄၈၀ ကျပ်သို့ တိုးမြှင့်သည်ဟု ဇူလိုင်လအတွက် ကောက်
ခံ သည့် ငွေတောင်းခံလွှာတွင် ပါရှိကြောင်း၊ ဈေးနှုန်း တိုးမြှင့်မည့် အကြောင်းကို လျှပ်စစ်မီး သုံးစွဲသူများကို ကြိုတင်အသိပေးခြင်း
လည်း မရှိကြောင်း စစ်တွေမြို့ဒေသခံ ဦးသန်းထွန်းက ဆိုသည်။
လျှပ်စစ်မီတာသုံးစွဲခ ရုတ်တရက် တိုးမြှင့်ရခြင်းကိစ္စနှင့် ပတ်သက်၍
ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ
ဦးပြုံးချိုကို ဆက်သွယ်မေးမြန်းခဲ့ရာ လျှပ်စစ်မီတာသုံးစွဲခ
တိုးမြှင့်ခြင်း မရှိကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ်က
ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်နေပြီ
ဖြစ်ပြီး ရခိုင်လူထုအနေနှင့် လျှပ်စစ် တစ်ယူနစ်လျှင် ကျပ် ၄၈၀ ဖြင့်
သုံးစွဲနေရခြင်း ဖြစ်ကြောင်း စစ်တွေမြို့ ဒေသခံများက ထပ်မံပြောဆိုသည်။
စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို ဖိုးသီးချို လျှပ်စစ်
ဝန်ဆောင်မှု ကုမ္ပဏီနှင့် တော်ဝင်ထူးခြား ကုမ္ပဏီတို့က ရရှိထားပြီး
ဖိုးသီးချို ကုမ္ပဏီက နေရာအများစုကို လျှပ်စစ်ဓာတ်အား ပေးဝေခွင့်
ရရှိထားကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်
ကျောက်ဖြူတွင် အခြေစိုက်သည့် မြန်မာ- တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့
ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်ပြီး ရခိုင်ပြည်နယ်က
ထွက်ရှိသည့် သယံဇာတ အကျိုးခံစားခွင့်ကို ရခိုင်တိုင်းရင်းသားများ အများဆုံး
ခံစားခွင့်ရရှိရေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း
ရခိုင်သယံဇာတများ အကျိုးခံစားခွင့် လှုပ်ရှားမှုကော်မတီထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment