ရာသီဥတု ကောင်းမွန်ခြင်း မရှိသည့်အတွက် ပင်လယ်ပြင်သို့ ကမ်းနီးငါးဖမ်း စက်လှေများ ထွက်ရှိခြင်း မရှိသောကြောင့် ပုစွန်ရရှိမှု နည်းပါးကြောင်း၊ ပုစွန်သားပေါက်များကို အလွန်အကျွံ ဖမ်းဆီးနေခြင်းကြောင့်လည်း ကုန်ကြမ်းပုစွန် ရှားပါးသည့်အတွက် ယခင်တစ်လလျှင် ပိဿာချိန် တစ်သောင်းကျော် ဝယ်ယူရရှိနေရာမှ ယခုအခါ ပိဿာခုနစ်ထောင်ခန့်သာ ဝယ်ယူရရှိတော့ကြောင်း ချောင်းသာကမ်းခြေရှိ ပုသိမ်သား ပုစွန်အဝယ်ဒိုင်မှ မန်နေဂျာ ဦးမောင်မောင်က ပြောကြားသည်။
ပုစွန်ခြောက်အကြီး တစ်ပိဿာလျှင် ၃၂,၀၀၀ ကျပ်မှ ၃၃,၀၀၀ ကျပ်အထိ ဈေးတက်နေပြီး ပုစွန်ခြောက်အသေး တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်မှ ၁၄,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပင်လယ်တွင်းမှ ဖမ်းဆီးရမိသော ကုမ္ပဏီရောင်းတမ်း မဝင်သည့် ပုစွန်အစိုများကိုသာ ပုစွန်ခြောက် ပြုလုပ်နေရပြီး ပုစွန်အစို တစ်
ပိဿာကို အခြောက်ပြုလုပ်ပါက ၂၀ ကျပ်သားသာ ရရှိသည့်အ
တွက် ပုစွန်အစို ဈေးကောင်းပါက ပုစွန်ခြောက်ဈေးလည်း မြင့် တက်ခြင်း ဖြစ်ကြောင်း ဦးသန်းစိန် ငါးပိငါးခြောက်ပွဲရုံမှ ဦးအောင်သန်းရွှေက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment