ရန်ကုန်မြို့ MCC ခန်းမတွင်ကျင်းပသည့် ရှစ်လေးလုံးအရေးတော်ပုံ
ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ လွှတ်တော်၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး
ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည် ပရောက်
နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများ ပေးပို့ခဲ့ရာ သြဂုတ် ၈ ရက်တွင်
သ၀ဏ်လွှာစုစု ပေါင်း ၅၅ ခု လက်ခံရရှိခဲ့သည်။
ယင်းသ၀ဏ်လွှာများထဲမှ အချို့ကို မဇ္ဈိမက ကောက်နှုတ် ဖော်ပြပေးထားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှု တောင်းဆိုမှုများတွင် ရှစ်လေးလုံး
ဒီမိုကရေစီ လှုပ်ရှားမှုသည် တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။ ယင်းသို့
ကြိုးစားမှုတို့ အကျိုးဆက်အဖြစ် ၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ကာ ဒီမိုကရေစီစနစ်
စတင်ဖော်ဆောင်လာ ခဲ့သည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကြေညာစာတန်းတွင် ပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးစသည့် အခြေခံမူများကိုကိုင် စွဲ၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကို
ဝိုင်းဝန်း တည်ထောင်မည်ဆိုသည့် အပြုသဘောဆောင်သော တုံ့ပြန်မှုအပေါ်
ဝမ်းမြောက်စွာဖြင့် ကြိုဆိုသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲပူးပေါင်းပြီး ကြုံတွေ့လာမည့်
စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ကြ ပါစေကြောင်း ဆန္ဒပြု
ဂုဏ်ပြုလိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
အပစ်အခတ်ရပ်စဲရေးသည် လိုအပ်သည်။ သို့သော် အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာမှု
ဖြစ်ရမည်။ ထိုကဲ့သို့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာခြင်းမရှိပါက
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည် မဟုတ်ပါ။
နိုင်ငံရေးဆွေးနွေးပွဲသည် တန်းတူမှု တရားမျှတမှုနှင့် လွတ်လပ်ပွင့်လင်းမှုများ
ရှိရန် လိုအပ်သည်။ ၎င်းပြင် ထိုဆွေးနွေးပွဲမှ ရရှိသော သဘောတူညီမှုများ
ခိုင်မာပြီး အာမခံချက်ရှိစေရန် စောင့်ကြည့်နေမည့်သူများ ရှိရန်လိုအပ်သည်။
လူ့အခွင့်ရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှု ရှိရန်အတွက်
မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ရန် လိုအပ်နေပါသည်။
ဒေါ်အောင်ဆန်းစုကြည်
(ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
ရှစ်လေးလုံး အရေးတော်ပုံကာလတစ်လျှောက်၂၅
နှစ်တာလုံး သစ္စာရှိရှိနဲ့ လျှောက်လှမ်းခဲ့သူများ၊ အထူးသဖြင့်
လမ်းမဆုံးခင်မှာ ကျဆုံးသွားတဲ့သူအားလုံးကို ကျေးဇူးတင်တယ်၊
အားလုံးဆိုတဲ့ထဲမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးပါ။ ဗမာတွေလည်း
ပါပါတယ်၊ တိုင်းရင်းသားလို့ ပြောတဲ့အခါ ဟိုလူမပါ ဒီလူမပါ လုပ်လို့မရပါဘူး၊
ရှစ်လေးလုံး အရေးတော်ပုံတုန်းက အကုန်လုံး အင်တိုက်အားတိုက် ပါဝင်ခဲ့ကြတာပါ၊
ထို့အပြင် ကျွန်မတို့ရဲ့ အသက်အကြီးဆုံး ပုဂ်္ဂိုလ်များကိုလည်း
ကျေးဇူးတင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ မိမိတို့ရဲ့ ကျန်းမာရေး အသက်အရွယ်ကို
မထောက်ဘဲ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်နိုင် သေးတာ နည်းတဲ့အင်အား
မဟုတ်ပါဘူး၊ နည်းတဲ့သိက္ခာ မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ အတွက်
စံနမူနာဖြစ်စရာပါ။
အမျိုးသားလွှတ်တော်ဥက်္ကဋ္ဌ ဦးခင်အောင်မြင့်
၂၀ ရာစနောက်ပိုင်းမှစ၍ ကမ္ဘာ့လူထု၏ တိမ်းညွတ်မှုမှာ ဒီမိုကရေစီရေးနှင့်
ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်၏
ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ
ဒီ နောက်ခံ အခင်းအကျင်းတွင် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ ရှစ်လေးလုံး
အရေးတော်ပုံကြီး၏ အန်္တိမ ရည်မှန်းချက်ဖြစ်သော ဒီမို ကရေစီလမ်းကြောင်းကို
ဦးတည်နိုင်ခဲ့ပြီးဖြစ်သည်။
အဆွေတော်တို့၏ ငွေရတုကြေညာစာတန်း
မှာ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် အမျိုးသား
ပြန်လည်သင့်မြတ်ရေး အခြေခံဖြင့်သာ အောင်မြင်မည်ဆိုသော ခံယူချက်ကို
ကြိုဆိုသည်။ ကျွန်ုပ်တို့အနေနှင့် သမိုင်းကို အပြစ်ဖို့ အပြစ်ရှာပြီး
မချည်းကပ်ဘဲ သမိုင်းကို သင်ခန်းစာယူစရာ အတိတ်ကာလအဖြစ် သဘောတူမှသာ
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးများလေမည်ဟုလည်း ဆင်ခြင်မိပါသည်။
ကယန်းပြည်သစ်ပါတီ
လူထုတစ်ရပ်လုံး အုံကြွမှုဖြစ်ခဲ့တဲ့ အရေးတော်ပုံကြီးဟာဆိုရင် ၂၅
နှစ်ပြည့်ခဲ့ပါပြီ။ အတုအယောင် အာဏာသိမ်းမှု များနဲ့ အာဏာသိမ်းခဲ့ကာ
သူရဲဘောကြောင်မှု၊ စစ်အာဏာရှင်တို့က လူသတ်ပွဲများဖြစ်ခဲ့သည့် အချိန်မှာ
အုံကြွခဲ့တဲ့ မြန်မာပြည်သူလူထုကြောင့် အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်စနစ်
ဖျက်သိမ်းပေးရန် အကြောင်းအရာများ ဖြစ်လာခဲ့တာဆိုရင် အခု ၂၅ နှစ်ပြည့်ပါပြီ။
ဒီစိတ်ဓါတ်တွေနဲ့ ရှေ့လျှောက်ဆက်သွားပြီး မှန်ကန်တဲ့ ဒီမိုကရေစီရေး၊
လူ့အခွင့်အရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ရေးတို့ကို အတူလက်တွဲ
လုပ်ဆောင်သွားမည်။
Mizzima News
No comments:
Post a Comment