“သင်ကြားရေးအပိုင်း အနေနဲ့ဆိုရင် ဂျပန်နိုင်ငံက ပါမောက္ခတွေ ရန်ကုန် နည်းပညာတက္ကသိုလ်ကို အချိန်ပိုင်း လာသင်ဖို့ရှိတယ်” ဟု ရန်ကုန် နည်းပညာတက္ကသိုလ်တွင် သင်ကြားနေသည့် ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။
ထိုသို့ကူညီသည့် အစီအစဉ်မှာ မြန်မာနိုင်ငံတွင် အင်ဂျင်နီယာကောင်းများ ပေါ်ထွက် လာရေးအတွက် ဖြစ်ကြောင်း၊ နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးတွင် အင်ဂျင်နီယာ ပညာရပ်ကလည်း အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
JICA အနေဖြင့် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့နှင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းလျက်ရှိပြီး တရားဝင် ကြေညာချက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Mr.Akihiko TANAKA ၏ ပြောကြားချက်အရ သိရသည်။
ဂျပန်နိုင်ငံရှိ JICA အေဂျင်စီ၏ ဥက္ကဋ္ဌက ၎င်းသည် ယခုအစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ် ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများကို မြင်တွေ့ရ ကြောင်းနှင့် JICA အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment