ရုရှားနိုင်ငံသည် ၄င်း၏ နိုင်ငံအတွင်း သိမ်းဆည်းထားသော ဓာတုလက်နက်
ပစ္စည်းများ၏ ၇၆ ရာခိုင်နှုန်း သို့မဟုတ် အလေးချိန် မက်ထရစ်တန် ၃ဝဝဝဝ ကို
ဖျက်ဆီးခဲ့ကြောင်း ရုရှားစက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးက သြဂုတ် ၈ ရက်တွင်
ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကျင်းပသော ဓာတုလက်နက် ပစ္စည်းများဆိုင်ရာ ညီလာခံ၏ သဘော
တူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံပေါင်း ၁၈ဝ အနက်
ဓာတုပစ္စည်းများကို ဖျက်ဆီးခဲ့သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊
ယူကရိန်းနှင့် ဘီလာရုစ် နိုင်ငံအကြား နယ်စပ်ဒေသ ဖြစ်သော Bryansk ဒေသရှိ
ဓာတု လက်နက်ပစ္စည်းများ သိမ်းဆည်းထားသည့် စက်ရုံတစ်ရုံသို့ အလည်အပတ်
သွားနေစဉ် အတွင်း စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဒန်းနစ်မန်တူရော့ဗ်က
ပြောကြားခဲ့သည်။
ဓာတုလက်နက် ပစ္စည်းများဆိုင်ရာ သဘောတူညီချက် အသက်
ဝင်လာချိန်မှ စ၍ ရုရှားနိုင်ငံ၌ သိမ်းဆည်း ထားသော ဓာတုလက်နက် ပစ္စည်းများကို
အကြိမ်ပေါင်း ၅ဝဝ ကျော် စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ခဲ့ကြကြောင်း၊
စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ရှာဖွေ တွေ့ရှိခဲ့သည့် ပစ္စည်းများမှာ ဥပဒေ
ချိုးဖောက်မှု တစ်ရပ် မဟုတ်ကြောင်း ဒန်းနစ်က ထပ်လောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ဓာတုလက်နက် ပစ္စည်းများ ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍
နိုင်ငံအတွင်းရှိ ဓာတု လက်နက်များ အားလုံးကို ၂ဝ၁၅ ခုနှစ် နောက်ဆုံးထား၍
ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ရုရှားစက်မှုနှင့် ကုန်သွယ်ရေး ဒုတိယဝန်ကြီး
ဂျော်ဂျီကလာမာနော့ဗ်က ၂ဝ၁၂ ခုနှစ်တွင် ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment