ထိုင်းတောင်ပိုင်း ခွဲထွက်သူပုန်အဖွဲ့ (BRN)က ထိုင်းအစိုးရနှင့် တွေ့ ဆုံ
ဆွေးနွေးပွဲ ပြုလုပ်မည့် ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် ပရာချာပရွန်နော့က သြဂုတ် ၉ ရက်တွင် အတည်ပြုပြော ကြားခဲ့သည်ဟု
အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။
အစောပိုင်းတွင် ထိုင်းအစိုးရနှင့် သူပုန်အဖွဲ့တို့ အနေဖြင့် အပစ်အခတ်
ရပ်စဲရေး
သဘောတူညီချက် သက်တမ်း ကုန်ဆုံးမည့် သြဂုတ် ၁၈ ရက်နောက်
ပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် သဘောတူညီထား
ပြီးဖြစ်သည်။ သို့သော် BRN အဖွဲ့က ဧပြီလတွင် တောင်းဆိုချက် ၅ ချက်ကို
အစိုးရထံ ပေးပို့ထားခဲ့ပြီး ၄င်းတောင်းဆိုချက်များ အပေါ် အစိုးရ၏ အပြုသဘော
ဆန်စွာတုံ့ပြန် လာမည့် အချိန်အထိ ဆွေးနွေးပွဲများကို ရွှေ့ဆိုင်းထားမည်ဟု
အကြောင်းပြ ပြောဆိုခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment