Pages

10.8.13

Murano အစားထိုးမည့် Nissan Resonance Concept

ဂျပန် Nissan က ထုတ်နေတဲ့ Murano - Crossover ကားများ နေရာကို အစားထိုး မှာ ဖြစ်ပါတယ်။

ပုံမှာ ပြသထားတဲ့ အတိုင် ဒီဇိုင်းကတော့ တော်တော်လေး ခေတ်ရှေ့ ပြေးနေ ပါတယ်။ ဘယ်တော့ အစားထိုးမယ်ဆိုတာကိုတော့ မပြောထားပါဘူး။

ဒတ်ထရွိုက်မော်တော်ယာဉ် ပြပွဲမှာ ခင်းကျင်းပြသထားမှု ဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင်ကို အဓိကထား သုံးမယ့် ဟိုင်းဘရစ်အင်ဂျင်ကား ဖြစ်ပြီး လွမ်းကျွမ်းစနစ်သုံး အင်ဂျင်ကို အသေးစား အနေနဲ့ပဲ ထည့်သွင်းမှာ ဖြစ်ပါတယ်။

ဒီတော့ လစ်သီယွန် ဘက်ထရီရဲ့  စွမ်းဆောင်ချက်ပေါ် အခြေခံ မယ့် ကား ဖြစ်ပါတယ်။ တံခါး ငါးပေါက် အရွယ်အစားကလည်း ကျစ်ကျစ် လစ်လစ် ရှိပြီး ကာဘွန်ဖိုက်ဘာသားနဲ့ လုပ်ထားတဲ့ Nissan Resonance Concept ကို ပြပွဲမှာ ယခုလို မြင်တွေ့ ရပါတယ်။

Ref: autoblog
ColayAutomobile

No comments:

Post a Comment