တတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲတော်လာရောက်တဲ့သူတွေကု
ဧည့်ဝတ်ပြုပါတယ်။
ကရင်ရိုးရာ ယဉ်ကျေးမှုတွေကို ဒီကနေ့ ဘယ်လိုဖော်ထုတ် ပြသသလဲဆိုတာကို ကရင်အမျိုးသားအစည်းအရုံး UK က မေရီလှက ပြောပြပါတယ်။
“ကျမတို့ ကရင်ရိုးရာအကတစ်ခုဖြစ်တဲ့ ဒုံးအကတစ်ခုပါမယ်၊ နောက်ပြီး ဂလုန်နာနာဆိုတဲ့အကတို့၊ နောက် ကရင်ရိုးရာ လက်ချည်ပွဲ ဘယ်လိုဆင်နွှဲလဲဆိုတာကို တင်ပြမှာဖြစ်တယ်၊ နောက်ပြီး ကျမတို့ကရင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့အခြေအနေ၊ နောက်ပြီး ကျမတို့ ဒီမှာ ဘာတွေလုပ်ဆောင်လဲဆိုတာကို ထည့်သွင်းပြောသွားမှာပါရှင်
မေရီလှက ဆက်လက်ပြီး သူတို့ရိုးရာယဉ်ကျေးမှုကို ရေရှည်ထိန်း သိမ်းနိုင်အောင် အခုလို ရိုးရာအဆိုအကတွေ၊ အစားအစာတွေနဲ့ တခြားလူမျိုးတွေကို မိတ်ဆက်ပေးတာမျိုး၊ ကရင်လူမျိုးအများစုရှိတဲ့ ဗြိတိန်နိုင်ငံ ရှဖီလ်းမြို့မှာဆိုရင်လည်း ကရင်ရိုးရာ စာပေသင်ကြားပို့ချပေးနေတဲ့ သင်တန်းတွေနဲ့တဖုံ သူတို့ကရင့်ရိုးရာကို တိုးတက်ပျံ့ပွားအောင် လုပ်ဆောင်နေကြောင်း ပြောပြပါတယ်။
“အခုဆိုလို့ရှိရင် ကရင်စာပေသင်ကြားခြင်းပေါ့နေ
ကရင်ရိုးရာ ယဉ်ကျေးမှုပွဲတော်ကို ဗြိတိန်နိုင်ငံအနှံ့အပြား မှာ ရောက်ရှိနေထိုင်တဲ့ ကရင်လူမျိုးတွေနဲ့အတူ မြန်မာနိုင်ငံ သားတွေ၊ နိုင်ငံခြားသားတွေအပါအဝင် ပရိသတ် ၇၀ နီးပါးတက်ရောက်ခဲ့ပါတယ်။
RFA
No comments:
Post a Comment