ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကပါလ လူမှုကူညီရေးအသင်းရဲ့ ဒုတိယဥက္ကဌ ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ ရပ်တန့်လိုက်မယ်ဆိုရင် သွေး လိုအပ်နေတဲ့လူနာတွေ၊ နာရေးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေ၊ အရေးပေါ် ကျနော်တို့ ဖယ်ခုံမြို့ကနေပြီးတော့ ၂၄ မိုင်ဝေးတဲ့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ရမယ့်လူနာတွေဟာ အခက်အခဲများစွာ ကြုံတွေ့သွားတဲ့အနေအထားရှိပ
ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားတဲ့စာထဲမှာ လူမှုရေးလှုပ်ရှားနေတဲ့ အသင်းတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့ စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိမှသာ ရပ်တည်လို့ရမယ်လို့ ပါရှိပါတယ်။
လောကပါလ လူမှုကူညီရေးအသင်းကို ၂၀၁၂ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူနာပို့ဆောင်တာ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကူညီတာကနေ ပညာရေးထောက်ပံ့တဲ့ကိစ္စတွေကိ
RFA
No comments:
Post a Comment