မထသ (ဗဟို) ၏ စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်လုပ်သားအတွက်
ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် ရရှိနိုင်ရန် ရှေ့နေများထားရှိ ဆောင်ရွက်ရန်
စီစဉ်လျက် ရှိကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
ရှေ့နေ ထားရှိရေးအတွက် ရုံးခန်းဖွင့်ရန် လိုအပ်ပြီး ယာဉ်လုပ်သားများဘက်က
ရှေ့နေ ငှားရမ်းရန် တတ်နိုင်မည့် ငွေကြေးကို ရှေ့နေများနှင့် ဆွေးနွေးကာ
ရှေ့နေများဘက်မှ သဘောတူညီမှုရမှသာ အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါကိစ္စကို
တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကရှင်းလင်း
ပြောကြားသည်။
ယာဉ်မတော်တဆမှု ဖြစ်ပါက တစ်ဖက်သတ်
ဆုံးဖြတ်ချက်များကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှာ နစ်နာကြရပြီး
၎င်းတို့ကို ကာကွယ်ပေးမည့် ခုခံချေပခွင့် ဥပဒေကို မသိရှိသောကြောင့် ထွက်ပြေး
တိမ်းရှောင်ကြခြင်းသာ ဖြစ်သောကြောင့် ထိုသို့ ဖြေရှင်းပေးမည် ဆိုပါက
ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် အဆင်ပြေနိုင်ကြောင်း ယာဉ်ပိုင်ရှင်
တစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က ဆိုသည်။
ယာဉ်မတော်တဆ ဖြစ်ပါက ၎င်းတို့ကို
ကာကွယ်ပေးမည့် ရှေ့နေများ ရှိသည်ကို သိရှိ၍ ယာဉ်မတော်တဆဖြစ်ပြီး ထွက်ပြေး
တိမ်းရှောင်မှုများ လျော့နည်းသွားမည်ဟု မထသ (ဗဟို) ဥက္ကဋ္ဌက ၎င်း၏ ထင်မြင်ချက်ကို
ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း
ယာဉ်တိုက်မှု ၈၆၁ မှု ရှိသည့်အနက် ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်း ၁၇၀
ဦးတွင် ၉၃ ဦး သာ ဖမ်းဆီးရမိထားကြောင်း ရန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
တရားဝင် ထုတ်ပြန်ထားသည်။
စက်တင်ဘာလအထိ မှတ်ပုံတင်ထားသည့် ယာဉ်စီးရေ ၆၃၈၈ စီး ရှိကြောင်း မထသ (ဗဟို) ၏ တရားဝင် စာရင်းများအရ သိရသည်။
The Voice Weekly
No comments:
Post a Comment