နိုင်ငံတစ်ဝန်း စစ်ပွဲများ၊ ဖိနှိပ်မှု များ၊ အကြမ်းဖက်မှုများ ပပျောက် စေ
ရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ အခမ်းအနားနှင့် လမ်း လျှောက်ချီတက်ပွဲ ပြုလုပ်သွားမည်ဟု Generation Wave မှ ကိုမိုယ်းသွေးက ပြောသည်။
''ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည် သူလူထုအားလုံးပါဝင်လာဖို့နဲ့ အကြမ်း
ဖက်မှုတွေ ပပျောက်စေဖို့ အစိုးရနဲ့တ ကွ ပါဝင်ပတ်သက်နေ တဲ့ ပြည်သူလူထု တွေကို
ရည်ရွယ်ထားပါတယ်''ဟု ၄င်း က ပြောသည်။
အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေး နေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက် တွင် အဆိုပါပွဲကို နံနက် ၉
နာရီမှ စ တင်၍ ပြည်သူ့ဥယျာဉ်တွင် စတင်ကျင်း ပသွားမည်ဖြစ်ပြီး
ငြိမ်းချမ်းရေး ချီ တက်ပွဲအဖြစ် ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင်
မဟာဗန္ဓုလပန်းခြံမှ ပြည်သူ့ ဥယျာဉ်အထိ မြို့နယ် ၈ ခုအား လှည့်
လည်ချီတက်မည်ဖြစ်ကြောင်း သိရ သည်။
''ပြည်သူ့ဥယျာဉ်မှာ
ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ ဖျော်ဖြေ ပွဲတွေ၊ ပြပွဲတွေ၊ ကာတွန်းတွေပါမယ်။
ဂရပ်ဖစ်တီ ဆွဲ မယ့် အဖွဲ့တွေလည်း ပါမယ်''ဟု ငြိမ်း ချမ်းရေး
လမ်းလျှောက်သူများအဖွဲ့မှ ကို ဇင်ကိုက ပြောသည်။
ယင်းကဲ့သို့
ပွဲကျင်းပရန်အတွက် ပြည်သူ့ဥယျာဉ်တွင် ခွင့်ပြုမိန့်တင် ထား ပြီးဖြစ်ကြောင်း
ချီတက်လမ်းလျှောက် မည့် မြို့နယ် ၈ ခုကိုလည်း ခွင့်ပြုမိန့်
တင်ထားကြောင်း၊ အဆိုပါပွဲကို ကျင်းပ ခွင့်ရမည်ဟု လည်း မျှော်လင့်ကြောင်း
Pray For Myanmar မှ ကိုသက်ဆွေ လင်းက ပြောသည်။
ယခင်နှစ်တွင်
ငြိမ်းချမ်းရေးပွဲ ပြု လုပ်မှုနှင့် ပတ်သက်၍ ၄င်းတို့အနေဖြင့်
တရားရင်ဆိုင်နေဆဲ ကာလဖြစ်ပြီး ယခု ပြုလုပ်မည့် ငြိမ်းချမ်းရေးပွဲတော်တွင်
လည်း မနှစ်ကကဲ့သို့ ကျီးလန့်စာစား ထွက်ပြေးရခြင်းများ
မဖြစ်လိုကြောင်းGeneration Wave မှ
ကိုမိုယ်းသွေးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အခမ်းအနားတွင် အရပ်ဘက် အဖွဲ့ အစည်းပေါင်း ၆ဝ ခန့် ပါဝင်မည်ဟု သိရသည်။
၂ဝ၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေး ပွဲ တော်အဖြစ် မဟာဗန္ဓုလ ပန်းခြံမှ
လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ တံတား ဖြူသို့ လမ်းလျှောက်ချီတက်ကာ ကန်
ပေါင်ပေါ်တွင် ငြိမ်းချမ်းရေး တေးသီ ချင်းများ ဖျော်ဖြေ၍ ငြိမ်းချမ်းရေး
အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့ ကြသည်။
၂ဝ၁၂ ခုနှစ်တွင်
အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၌ ရန်ကုန်မြို့ နယ် ၁ဝ မြို့နယ်သို့
အဖွဲ့အစည်းပေါင်း ၈ ဖွဲ့ခန့် ပါဝင်ပြီး ခွင့်ပြုချက် မရဘဲ စီတန်းလှည့်လည်
ဆန္ဒထုတ်ဖော်ခဲ့သည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် ကိုမိုယ်းသွေး အပါအဝင် ၉ ဦး
ရင်ဆိုင်နေရဆဲဖြစ်သည်။
ရန်နိုင်
Popular Myanmar News Journal
No comments:
Post a Comment