မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးကလေးငယ်များကို လိမ္မာယဉ်ကျေးပြီး
သားကောင်းသမီးကောင်းရတနာလေးတွေဖြစ်လာအောင် ငယ်စဉ်ကတည်းက ကောင်းသော
အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်
ရာ၊ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး ကြံ့ခိုင်ဖို့၊ အသိတရားပြည့်ဝပြီး
တန်ဖိုးရှိတဲ့ လူ့ဘဝတွေပိုင်ဆိုင်ဖို့ သွန်သင်ဆုံးမ လမ်းညွှန် ပြလေ့ရှိကြ
ပါတယ်။
အဲဒီအထဲကမှ မြင်းမိုရ်တောင်ဦး၊မကကျူးသည့် မိဘ မေတ္တာရယ်လို့
တင်စားဖော်ကျူးထားတဲ့ ဂုဏ်ပုဒ်နဲ့ ပြည့်စုံသူ မိဘတွေရဲ့ အခန်း ကဏ္ဍဟာ
သားသမီးရင်ေ သွးငယ်တွေအတွက် အဓိကကျတဲ့ ဘဝဥယျာဉ် မှူး တွေ
ဖြစ်ကြပါတယ်။ဒါကြောင့် အနုပညာရှင်မိဘတွေရဲ့ မိမိသားသမီး ရင်သွေး ငယ်တွေအပေါ်
ထားရှိ တဲ့ မေတ္တာတရားနဲ့ စေတနာစကားသံများ ကို စုစည်း ဖော်ပြ လိုက်ပါတယ်။
ထွန်းအိန္ဒြာဗို
အဲဒါကတော့ ပြောရမယ် ဆိုအချိန်တောင်လောက်မှာ မဟုတ်ပါဘူး။ အများကြီးကို
ပြောချင်တာ။ကလေးတစ် ယောက်ကို ထိန်းသိမ်းပြုစုရ တာကသိပ်ကိုနုရွတယ်။
အဓိကစိတ်ရှည်ရ မယ်၊ကတိတည် ရမယ်ပေါ့။ဒီကလေးရှိတဲ့
ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေ ဒီကလေးကိုချစ်တယ်ဆိုတာ ယုံကြည်အောင် တည်ဆောက်
ပေးရ မယ်။ကျွန်မ ကတော့တတ် နိုင်သလောက်သားလေးကို လုပ်ပေးပါတယ်။ဒီကလေး အ
ရွယ်မှာကတည်းကမိဘတွေ ရော၊ ဆရာသမားတွေရော အား လုံးလိုအပ်ပါ တယ်။ဘာလို့လဲ
ဆိုတော့ကလေးတိုင်းက သူတို့ ဘာမှမသိတတ်၊ နားမလည် သေးတဲ့အ ချိန်၊အရွယ်လေး
တွေဆိုတော့ကလေးက သင်ယူ စရာတွေ အများကြီးပဲလေ။
အဲဒီလိုသင်ယူ
လက်ခံနိုင်တဲ့ အရွယ်မှာကိုယ်ပေးတဲ့မက်ဆေ့ခ်ျ ပေါ့။ဆုံးမ တာတွေကမှားရင်
တောက်လျှောက်သူ့ဘဝမှာ တိမ်းစောင်းသွားနိုင် တယ်။ဒါ ကြောင့်မိဘတွေရော၊ဆရာသ
မားတွေရော၊ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးရဲ့ ပြုမူ ပြောဆိုဆုံးမမှုတွေက
အရေး ကြီးပါတယ်။လူတွေ ရဲ့သဘာဝ ကတော့ကိုယ်သင်ယူဖူးတဲ့ဟာ လေးတွေက
ကြီးတဲ့အထိပါ သွား တတ်တယ်လေ။ငယ်ငယ်က စပြီးဘာမှမတတ် ခင်အဖြူထည်
လေးကနေဆိုးပေးလိုက်တဲ့ အရောင်ကတော့အနည်းနဲ့ အများပါသွားတတ်ပါတယ်။
ကလေးတိုင်းကတော့အလို လိုက်တာကိုတော့လိုချင်တာ ပေါ့နော်။
အဲဒီတော့
သားလေး ရဲ့ဆန္ဒနဲ့ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ထိပ်တိုက်ဖြစ်လာတဲ့
အခါမျိုးဆိုရင်သူ့ဆန္ဒလေး ကို ဘယ်တော့မှမငြင်းဆန်ဘဲ နဲ့သူ့ဆန္ဒလေးကို လိုက်
လျော ရင်းနဲ့ ကိုယ်လိုချင်တာလေးကို တဖြည်း ဖြည်းဆွဲယူခဲ့ရတာပေါ့။ အတင်း
အကျပ်လုပ်ယူလိုက်ရင် သူကငယ်တုန်းမှာတော့ မိဘ ကိုကြောက်လို့နားေ ထာင်
ပေမယ့်သူ တကယ်လုပ်ချင် တဲ့စိတ်နဲ့ တကယ်လုပ်နိုင်တဲ့ အသက်အရွယ်ရောက်လာ
တဲ့အချိန်ကျရင် ဆန့်ကျင်သွား နိုင်တယ်။ အဲဒီအခါကျတော့ ထိပ်တိုက်ေ
တွ့လာတဲ့အခါမျိုး မှာ ထိပ်တိုက်မတွေ့တော့ဘဲ နဲ့ သူ့သဘောလေးကိုလိုက် လျော
ရင်းနဲ့နားလည်အောင် ရှင်းပြရ တာပေါ့။ပြီးမှကိုယ် လိုချင်တာ
လေးဆွဲယူခဲ့ရတာပေါ့။
ခင်စံပယ်ဦး
အဓိကက ယဉ်ကျေး
လိမ္မာဖို့အတွက်မိဘတွေက အစအပြောအဆိုအနေအထိုင် ကိုဆင်ခြင်ရတယ်။အတုခိုး
တတ်တယ်လေ။ဘုရားရှိခိုးက အစပေါ့။နောက်မြန်မာစာ ဆရာမကလည်း ကဗျာလေး
တွေကအစသင်ပေးတယ်။ ဧရာဝတီကတော့ သင်ပေးလို့ ရနေပြီ။ ဧဝရတ်ကတော့ နည်း
နည်းငယ်သေးတော့ ဘုရားရှိခိုး တာလောက်ပဲ သင်လို့ရသေး တယ်။ကာတွန်းလေးတွေနဲ့
ပုံ ပြင်လေးတွေကို ပြောပြတယ်။ မိန်းကလေးဆို မြန်မာ့ယဉ်ကျေး
မှုနဲ့အညီနေထိုင်ပြုမူပြောဆိုဖို့ အရေးကြီးတယ်။ငယ်ငယ်က တည်းကဒီလိုဆုံးမမှလေ။
ဘာ သာတရားရဲ့ အဆုံးအမ အောက်မှာယဉ်ကျေးလိမ္မာ အောင်သွန်သင်မှနောင်
ကြီးပြင်း လာတဲ့အချိန်မှာလိမ္မာရေးခြား ရှိမှာလေ။
ချမ်းအေးဝင်း
ကျွန်တော့်သားက အခု လောလောဆယ် ၆နှစ်ကျော် ၇ နှစ်ထဲမှာပေါ့။
နည်းနည်းငယ်သေးတဲ့အတွက် အပြင်သင် တန်းတွေတော့ ဘာမှ မပို့သေး ဘူး။ ကျောင်း
စာပဲ လောလော ဆယ်ရှိသေးတာပေါ့။ အင်္ဂလိပ် စာသီးသန့်ကျောင်းလေးထား ထားပေးတယ်။
နွေရာသီဆိုရင် တော့လည်း နွေရာသီအင်္ဂလိပ် စာ သင်တန်းမျိုးတွေ ထား ထား
ပေးတယ်။အင်္ဂလိပ်စာနဲ့ အဆက် မပြတ်သွားအောင်ပေါ့။ ကျန်တဲ့ လူမှုရေးတွေ၊
ဘာသာရေးတွေ၊ ယဉ်ကျေးမှုတွေကတော့ အိမ် မှာပဲ သူ့ကို သွန်သင်ပေးတယ်။
ဘုရားရှိခိုးရင်လည်း သူ့အမေ က ဘုရားရှိခိုးနည်းကို ခေါ် ခေါ်ပြီးတော့
သင်ပေးတယ်။ ကျန်တဲ့သင်တန်းတွေ၊ ဘာတွေ လွှတ်ပြီး သင်ဖို့တော့ အစီအစဉ် မရှိေ
သးပါဘူး။ဒါပေမဲ့ သူ့အမေ ကလည်း ဘာသာရေးလုပ်တယ်။ ကျွန်တော်ကလည်း အားရင်
အားသလို ဘာသာရေးလုပ်တဲ့ အခြေခံလေးတွေရှိတော့ ကိုယ် သိထားတဲ့
အခြေခံလေးတွေကို တော့ သူ့ကို နားလည်အောင် ရှင်းပြထားတယ်။ ဝိပဿနာနဲ့
ပတ်သက်တဲ့အခြေခံလေးတွေ ကိုလည်း သူ့ကိုပြောပြထားတယ်။ ဗုဒ္ဓဘာသာ က လေးတစ်ယောက်
ဖြစ်တဲ့အတွက် ငယ် ငယ် လေး က တည်းက အခြေ ခံကောင်းအောင် သင်ကြားပေးထား တယ်။
နောက်ပြီး ကျွန်တော့် သား က သူများ နဲ့မတူဘူး။ နည်းနည်းလေး စိတ် ဆတ်တယ်။
ဒေါသနည်းနည်း ကြီးတော့ သူ့ကိုဒေါသ နည်း အောင် ကျွန်တော်တို့က ဘယ်
လိုပြုပြင်ရမလဲ တိုင်ပင်တယ်။ ကျွန်တော်က သူ့ကို ငယ်ငယ် လေးကတည်းက ချစ်တော့
တအားစတယ်။ စတော့ ပိုပြီး တော့ဒေါသကြီးပြီးဒေါသထွက် တတ်တယ်။အဲဒါတော့ မကောင်း
ဘူးပေါ့။ကျွန်တော်လည်း နောက် ဆို ထိန်းသိမ်းပြီးတော့ ဒေါသ လျော့နည်းအောင်၊
ကြီးလာ ရင်အဓိကကလူကြီး မိဘကိုရို သေတတ်အောင်၊ အသိဥာဏ်နဲ့
ဆင်ခြင်ဆုံးဖြတ်တတ်အောင် ဆုံးမ သွန် သင်ကြီးကြပ်ပေးပါမယ်။
ဟဲလေး
အခုကတော့ သူတို့က တအားငယ်သေးပါတယ်။ သူ့ အရွယ်နဲ့သူ လိမ္မာယဉ်ကျေးအောင်
သင်ပေးရမှာပေါ့။ ကလေးဆိုတာတော့ နည်းနည်း ဆိုးချင်ကြတာပေါ့နော်။ သူတို့
အလိုလည်း လိုက်ရ၊ ကိုယ့်ဘက် ပါအောင်လည်း စည်းရုံးရပေါ့။ ကျွန်တော်ကတော့
ကျွန်တော့် သားလေးတွေကို အခုရော၊ နောင်ရော၊ အနာဂတ်မှာ ရော ယဉ်ကျေးလိမ္မာ
လာအောင် ဆုံးမ သွန်သင်ပေးမှာပါ။ ကျွန်တော် တို့လည်း မိဘကသွန်သင်ခဲ့လို့
ဒီနေ့ ဒီအချိန်ထိ လုပ်ငန်းခွင် မှာပဲဖြစ်ဖြစ် ယဉ်ကျေးမှု ကလေး တွေကြောင့် နေ
ရာရ လာ တယ်။ ကိုယ့် သား သမီးကို လည်း ကျန်တဲ့ကဏ္ဍက နောက်မှပေါ့။
ယဉ်ကျေးမှုအပိုင်းမှာရော၊ သိမ် မွေ့မှုအပိုင်းမှာရော စိတ်ဓာတ်
လေးတွေရှိလာအောင် အမြဲ တမ်းသွန် သင်သွားမှာပါ။ ကျောင်း စာအပြင်အခုဆိုအဘိုး၊
အဘွား တွေ ရှိတယ်။ ကျွန်တော်တို့ အလုပ်သွားတဲ့ အချိန် သူတို့ လေးတွေကို
ကျွန်တော်တို့ မိဘ တွေက အကောင်းဆုံး ပဲ့ပြင် ရတာပေါ့။
ပတ်ဝန်းကျင်အဆိုး
လည်း မရောက်ရအောင်ပေါ့။ ကျွန်တော်တို့ လည်း မိဘတွေက ပဲ့ပြင်ဆုံးမခဲ့တဲ့
အတွက်ကြောင့် မရိုင်းခဲ့တဲ့အတွက် ကိုယ့်သား သမီးတွေလည်း မရိုင်း ပါ ဘူး။
အခုက ကျောင်းနေတဲ့အရွယ် မဟုတ်သေးဘဲ မူကြိုတက်တဲ့ အရွယ်ဆိုတော့ နွေရာသီ
ကျောင်း ပိတ်ရက်တွေ ဘာတွေ မရှိဘူး။ ကျောင်းတက် တဲ့အရွ ယ် ရော က် ရင်တော့
သေသေချာချာပဲ့ကိုင် ဖို့ စဉ်းစားထားပါတယ်။ အနာ ဂတ်ကတော့ သူတို့ဖြစ်စေချင်
တဲ့အရာကို ပံ့ပိုးပေးမှာပါ။
ရတနာခင်
ကလေးတွေကို ဘုရား
စာ၊ ပုံတိုလေးတွေနဲ့ ယဉ်ကျေး လိမ္မာအောင်၊ ဘာသာရေး နဲ့ပတ်သက်တာလေးတွေကို
လည်း ဆုံးမတယ်။ မိဘတွေရဲ့ အဆုံးအမနဲ့ယဉ်ကျေး လိမ္မာ အောင် ဆုံးမပေမယ့် ကလေး
တစ်ယောက်က ဗီဇဆိုတာ လည်း ရှိသေးတယ်လေ။ ဒါက သူ့ရဲ့ အတိတ်ဘဝကံဆိုတာရှိ တယ်။
တတ်နိုင်သလောက် တော့ မိဘ ဆိုတော့ ကောင်း အောင်လုပ်ပေးတာပဲ။ ကောင်း
တဲ့ပတ်ဝန်းကျင်၊ ယဉ်ကျေး တဲ့ ပတ်ဝန်းကျင်နဲ့ ပြုပြင် ပေးပေမယ့်ကြီးလာ
လို့အပေါင်း အသင်းမှားသွားတဲ့ ကလေးတွေ လည်း တွေ့ဖူး တယ်။ ငယ်ငယ်တုန်း
မှာတော့ တတ်နိုင် သလောက် ဆုံးမရတာ ပေါ့။ တချို့လည်း မိဘ နဲ့နီးနီးကပ်ကပ်
မနေ ရတာ မျိုးရှိတယ်။ စီးပွားရေးလုပ်နေ တော့ မနေနိုင်ကြဘူး။ ဒါပေမဲ့
ဘယ်လောက် စီးပွားရေးလုပ်လုပ် သား၊သမီး မကောင်း ရင် ကိုယ်ပဲ ရင် ကျိုး ရ မှာ
လေ။ ကိုယ့် သားသမီး အတွက် လည်း အချိန် ပေးစေချင်တယ်။
မေမွန်မောင်၊ မျိုးမောင်၊ သိမ့်သိမ့်
Popular Journal
No comments:
Post a Comment