ရခိုင် တိုင်းရင်းသားများ ပြည်ခိုင်ဖြိုး ပါတီအမည်ဖြင့် ပါတီမှတ်ပုံတင် မရှိသည့်အတွက်
အဆိုပါ ပါတီ သည် တရားမဝင်ပါတီ သာဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြော သည်။
ရခိုင်တိုင်းရင်းသားများ ပြည်
ခိုင်ဖြိုးပါတီအမည်ဖြင့် ရခိုင်ပြည်နယ်တွင် ပါတီဆိုင်းဘုတ်ထောင် ထားကြောင်း
ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှမြင့်က
နိုင်ငံရေးပါတီများ နှင့် မီဒီယာနှီးနှော ဖလှယ်ပွဲ တွင်
ဆွေးနွေးပြောဆိုခဲ့သည့်အပေါ် မီဒီယာများမှ ပြည်ထောင်စုရွေး ကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌအား မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က
''မှတ်ပုံမတင်ထားတဲ့အတွက်ကြောင့် တရားမဝင်ပါတီပဲဖြစ် ပါမယ်။
ကော်မရှင်အနေနဲ့ အရေး ယူခွင့်မရှိပါဘူး။ တရားမဝင်ပါတီ ဖြစ်ရင်
နယ်ဘက်ဥပဒေအရပဲ အရေးယူ လို့ရပါ တယ်။ တိုင်လာ တောလာ ရင်တော့ အရေးယူရ ပါမယ်။
တရားမဝင်ပါတီက ဆိုင်း ဘုတ်ထောင်ထားတယ်ဆိုပြီး တိုင် လာရင်
သက်ဆိုင်ရာအာဏာပိုင် တွေကို အကြောင်းကြားရမယ်။ ဥပဒေနဲ့ အရေးယူဆောင်ရွက်
ပေးပါလို့ဆိုရင် နယ်ဘက် က ဥပဒေ နဲ့ အရေးယူရမယ့်ကိစ္စပါ''ဟု ပြော သည်။
အဆိုပါရခိုင်တိုင်းရင်းသား များ ပြည်ခိုင်ဖြိုးပါတီအမည်ဖြင့်
ဆိုင်းဘုတ်များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့
နယ်တို့တွင် တွေ့ရှိရကြောင်း ဦးဦး လှမြင့်ထံမှ သိရသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဦးလှ မြင့် က
''ဒီလိုလုပ်တာဟာ ကွက် ကြားမိုးရွာနေတာဖြစ်တယ်။ ရိုး သားမှု
အားနည်းတယ်လို့ထင်ပါ တယ်။ ဒီဆိုင်းဘုတ်တွေက ပြည် ခိုင်ဖြိုးပါတီရုံးတွေမှာ
ထောင်ထား တာ ကျွန်တော်တို့ကိုယ်တိုင်တွေ့ ခဲ့တယ်။ ကျောက်ဖြူမှာ ကျွန်တော်
ကိုယ်တိုင် တွေ့ခဲ့တယ်။ ဓာတ်ပုံလဲ ရိုက်လာခဲ့တယ်''ဟု ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီမှ ဦးသာထွန်းလှ က
''ကျွန်တော်တို့လဲ အဲဒီကိစ္စ ကြားပါတယ်။ အဲဒါကို တိတိကျ ကျဖြစ်အောင်
စုံစမ်းနေပါတယ်။ တွေ့တာက ကျောက်ဖြူနဲ့ အမ်း ဘက်မှာလို့တော့ သိရတယ်။ ကျွန်
တော်တို့ တိတိ ကျကျ သိရရင် တော့ ကော်မရှင်က ဒီကိစ္စနဲ့ပတ် သက်ပြီး
မှတ်ပုံမတင်ဘဲ ပါတီဆိုင်း ဘုတ်စိုက်ထူခွင့် ရှိ မရှိနဲ့ လုပ်ထုံး
လုပ်နည်းတွေအရ ကော်မရှင်က ဘယ်လို ဆောင်ရွက်သွားမလဲဆို တာတွေ
မေးသွားမှာပါ''ဟုပြော သည်။ တရားမဝင် ပါတီ ဆိုင်း ဘုတ် တင်ထားခြင်းသည်
ဥပဒေချိုး ဖောက်ခြင်းဖြစ်ပြီး အဆိုပါ ပါတီ မှ
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ကော်မရှင်သို့ ပါတီ
တည်ထောင်ခွင့် လျှောက်ထား ခြင်း၊ မှတ်ပုံတင်ခြင်းပြုလုပ်လာ ပါက
ဥပဒေနှင့်ညီညွတ်လျှင် ခွင့် ပြု သွား မည်ဖြစ်ပြီး ကန့်ကွက်သူ
များရှိပါကလည်း စိစစ်ပြီး ဥပဒေ နှင့်အညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း
သတင်းမီဒီယာများ ၏ မေးမြန်းမှုအပေါ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ဦးတင်အေး (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ)
ဝေမာသိမ့်
The Yangon Times
No comments:
Post a Comment