Pages

27.9.13

ကောက်ရသော ပိုက်ဆံအိတ်မှ ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ်

စပိန် နိုင်ငံ မက်ဒရစ် မြို့မှ ရဲဌာနသို့ လာရောက်အပ်နှံခဲ့သော ပိုက်ဆံအိတ်တွင် ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ် ကိုတွေ့ရှိ ခဲ့ကြကြောင်း သိရပါတယ်။


အဆိုပါ ပိုက်ဆံအိတ်ကို မြေအောက်ရထား များပြုပြင်ထိန်းသိမ်း မူများကိုလုပ်ဆောင် နေသော ၀န်ထမ်းမှ အမှတ်မ ထင် ကောက်ရ ခဲ့ခြင်းဖြစ်သည်။

အမှတ် (၅) လိုင်း မြေအောက်ရထားမှ တံခါးပေါက်များကောင်း စွာအလုပ်မလုပ်သောကြောင့် သွားရောက် ပြင်ဆင်ရန် အသွား လယ်သာပိုက်ဆံအိတ်ကို တွေ့ရှိခဲ့ သော်လည်းရိုးသား စွာ ရဲဌာနသို့ သွားရောက် အပ်နှံခဲ့ခြင်းလည်း ဖြစ်သည်။

ပိုက်ဆံအိတ်အတွင်း ကယ်လီဖိုးနီးယား ပြည်နယ် ယာဉ်မောင်းလိုင်စင် တခု၊ အကြွေး ၀ယ်ကဒ် နှင့် အမေရိကန်ဒေါ်လာ (၂) သန်း ချက်လက် မှတ်တို့ပါဝင်ကြောင်း ရဲဌာနမှ ထုတ်ပြန် သော သတင်းအရသိရသည်။

ref: UPIကချင်း
MM Social Sky

No comments:

Post a Comment