Wake Me Up When September Ends ကို အနောက်တိုင်း မော်ဒန်ရောခ့် သီချင်း
နားထောင်လေ့ရှိသူများ သိကြမှာပါ။ Green Day အဖွဲ့ ခေါင်းဆောင် Billie Joe
Armstrong ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆိုခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ် ဇွန်လက ထွက်ရှိတဲ့ American Idiot အယ်လ်ဘမ်ထဲက အအောင်မြင်ဆုံး
သီချင်း ဖြစ်ခဲ့ပြီး အဲ့အချိန်တုန်းက အမေရိကန်မှာ လူကြိုက်အများဆုံး
သီချင်း နံပါတ် ၆ အဖြစ် ချိတ်ဆွဲ ခဲ့ပါတယ်။ အမေရိကန် မှာတင် မက
ကမ္ဘာတစ်လွှားမှာ အောင်မြင်ခဲ့တဲ့ သီချင်း ပါ။ သီချင်း ဖြစ်ပေါ် လာပုံက ဒီလို
ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က Billie Joe
Armstrong ရဲ့  အဖေဟာ ကွယ်လွန်ခဲ့ပါတယ်။ ယင်းကွယ်လွန်မှုအတွက်
ဝမ်းနည်းကြေကွဲ တဲ့ Billie ဟာ အသုဘက အပြန်အိပ်ခန်းထဲ တံခါးသော့ခတ်နေခဲ့
ပါတယ်။ အမေလာပြီး တံခါး ခေါက်ချိန် ကွယ်လွန်သူ ဖခင်အတွက် ခံစားကြေကွဲ နေ
ရတဲ့အတွက် စက်တင်ဘာလက ကုန်မှာ သားကို လာနိုးပါ "Wake me up when September
ends" လို့ ပြန်ပြောခဲ့ပါတယ်။
အနုပညာ ခံစားချက်ပြင်းထန်တဲ့
Billie အတွက် အဲဒါက သီချင်း တစ်ပုဒ် ဖြစ်သွား ပါတယ်။ သီချင်းကို MTV
ပြန်ရိုက်တော့ အမေရိကန်မှာ စစ်မှုထမ်းတဲ့ မရိမ်းတတ်သားနဲ့ ချစ်သူ
အကြောင်းကို ပြန်လည် ဖော်ကျူး ထားမှုပါ။ သီချင်း MTV ကို အောက်ပါလခ့်မှာ
ကြည့်ရှု နားဆင် နိုင်ပါတယ်။
http://youtu.be/NU9JoFKlaZ0
အောင်ခမ်း ( International news for myanmar )
No comments:
Post a Comment