ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ က တပ်မတော်နှင့် KIA
(ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ အကြား တိုက်ပွဲဖြစ်ပွါးခဲ့မှု ကြောင့်
တိမ်းရှောင်ခဲ့ရသော ရွာသား ၆၅ ဦးအနက် ၄၈ ဦးမှာယနေ့ အချိန်အထိ တောထဲတွင်ရှိနေဆဲဖြစ်သည်။
ကချင်ပြည်နယ်၊ပူတာအို ခရိုင်၊မချမ်းဘောမြို့ နယ် အတွင်း
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ ခ.လ.ရ (၁၃၇) နှင့် KIA တို
့တိုက်ပွဲဖြစ်ပွါးရာ အနီးရှိအိမ်ခြေ ၁၈ အိမ်၊လူဦးရေ ၆၅ ဦးခန့် ရှိ
နောင်ခိုင်ကျေးရွာလုံးကျွတ် ကြောက်လန့် ကာ တောထဲသို့ 
ပုန်းရှောင်ထွက်ပြေးခဲ့ရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့ ၁၂
မိုင်လောက်တော့ဝေးပါတယ် အစိုးရိမ်လွန်ပြီးထွက်ပြေးကြတာ အခု ၁၇ ယောက်ကတော့
မချမ်းဘောကိုပြန်ရောက်နေပါပြီ၊ ကျန်တဲ့  ၄၈
ယောက်ကတော့ပြန်မရောက်သေးပါဘူး။အဲ့ဒီ့နေရာက လောလောဆယ် လုံခြုံရေးအရလည်း
သွားဖို့ အဆင်မပြေသေးတော့ အခုရောက်လာတဲ့သူတွေကို ပူတာအိုနဲ့ မချမ်းဘောက
သင်းအုပ်ဆရာတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရအဖွဲ့ တွေက
ကူညီစောင့်ရှောက်ထားပါတယ်။” ဟု ကချင်ပြည်နယ်ဝန်ကြီး ဦးလဂျွန်ငါန်ဆိုင်း ၏
ကိုယ်ရေးအရာရှိဖြစ်သူ ဦးကျော်ဇေယျာဝင်းက မြန့် မာတိုင်း(မ်)ကိုပြောသည်။
မေလနှောင်းပိုင်းတွင် အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
သဘောတူညီချက်များအရ လိုင်ဇာဒေသတွင်
တိုက်ပွဲများထပ်မံဖြစ်ပွါးခြင်းမရှိသော်လည်း အစိုးရတပ်မတော်နှင့် KIA တို
့သည် သြဂုတ်လ ၁၇ ရက်နေ့ ပန်းဝါဒေသတွင် တိုက်ပွဲ ငယ်များဖြစ်ပွါးခဲ့ပြီး
သြဂုတ်လ ၂၈ ရက်နေ့ တွင့်ထပ်မံဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
“တောထဲမှာပိတ်မိနေသူတွေကိုကူညီဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို
ကျွန်တော်တို့ အကြောင်းကြားထားပါတယ် ခုအချိန်ထိတော့
ဘာမှအသေးစိတ်မသိရသေးဘူး၊ စဖြစ်တာတော့ ၂၇ ရက်နေ့ မှာ ပြည်သူ့ စစ်နဲ့  KIO
တို့စဖြစ်ကြတယ်၊ ပြည်သူ့ စစ်က ၂ ယောက်ကျသွားတယ်လို့ တော့ကြားတယ် နောက်ရက်
၂၈ ရက်နေ့ ကြတော့ ခ.လ.ရ (၁၃၇) နဲ့ ဖြစ်တယ်လို့ ထပ်ကြားတယ်
တစ်ခါတစ်လေထိပ်ပိုင်းမှာ နှစ်ဖက်သဘောတူညီမှုတွေ ရထားပေမဲ့ အောက်ခြေမှာတော့
ဒီလိုပြသနာတွေကတော့ ရှိတတ်ပါတယ်။” ဟု မြစ်ကြီးနားအခြေစိုက်
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှ ဦးလမိုင်ဂွန်ဂျာ ကပြောသည်။
ပိတ်မိနေသောရွာသားများအနက် အယောက် ၂၀ အား အစိုးရတပ်က
ဖမ်းစီးခေါ်ဆောင်သွားသည် ဟု သတင်းများ ထွက်ပေါ်နေသော် လည်း အစိုးရအဖွဲ
့အနေဖြင့် ယင်းကဲ့သို သတင်းများ ရရှိမထားကြောင်း ဦးကျော်ဇေယျာဝင်း က
ပြောသည်။
အိအိတိုးလွင်
Credit To:မြန်မာတိုင်းမ်
No comments:
Post a Comment