Silica Gel အိတ်ကလေးတွေဟာ ရေငွေ့နဲ့ စိုထိုင်းမှုတို့ကို စုပ်ယူပေးတာကြောင့် အသုံးအလွန်ဝင်ပါတယ်။။
(၁)
အထုပ်လေးတွေကို ဓါတ်ပုံအယ်ဘမ်တွေနဲ့ ဓါတ်ပုံတွေသိမ်းဆည်းတဲ့နေရာမှာ ထားရင်
ဓါတ်ပုံတွေ ပူးကပ်တာတို့ ဆေးသားပျက်တာတို့ကနေ ကာကွယ်နိုင်ပါတယ်။
(၂)အစိုးရရုံးတွေ၊လုပ်ငန်းခွင်တွေမှာ စာအုပ်ဖိုင်တွဲတွေနဲ့ စာရွက်စာတမ်းတွေ
ထားတဲ့နေရာတွေမှာ ထားပေးရင် စာရွက်တွေ မိုးရာသီမှာ စိုစွတ်တာမျိုးတွေကို
ကာကွယ်ရာရောက်ပါတယ်။
(၃)ခြောက်သွေ့တဲ့ ပစ္စည်းတွေထားတဲ့
ဗီရိုတွေ၊ရှိုးကေ့စ် တွေမှာ ထားရင် ရေငွေ့ရိုက်ခံရမှုတွေနဲ့
အစိုဓါတ်ကြောင့်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကာကွယ်ပြီး
ခြောက်ခြောက်သွေ့သွေ့ရှိစေပါတယ်။
(၄)ကော်ဖီမှုန့်တွေ၊နို့မှုန့်တွေ
အစိုဓါတ်ကြောင့် ခဲသွားမှာစိုးရိမ်ရင် ဒီအိတ်ကလေးကို ကော်ဖီမှုန့်ထဲ
ထည့်ထားနိုင်ပါတယ်။အခြားဆိုးကျိုးမရှိပါဘူး။
(၅)အိတ်တစ်အိတ်ဟာ
၂နှစ်ကနေ ၅ နှစ်အထိခံတဲ့အတွက် သုံးရတာ တာရှည်ခံပြီး
အဆင်ပြေစေပါတယ်။သတိပေးချင်တာ တစ်ခုကတော့ အိတ်ကို ဖောက်ပြီး မသုံးပါနဲ့။အထဲက
အစေ့လေးတွေကို လုံးစ မစားပါနဲ့
မောင်စိုင်း
(ကနောင်)
Scientist Myanmar
No comments:
Post a Comment