မကြာမီက ပြေးဆွဲ ပေးလျက်ရှိသည့် ရန်ကုန်-ကျိုက်ထီးရိုး Air-Con အမြန်ရထားတွင်
စီးနင်းလိုက်ပါလိုသော
နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ပတ်စ်ပို့ပြသ၍ကြိုတင် လက်မှတ်များ
ဝယ်ယူနိုင်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးက
ပြောကြားခဲ့သည်။
အဆိုပါ အမြန်ရထားကို စက်တင်ဘာ ၇ ရက်မှ စတင်
ပြေးဆွဲခဲ့ပြီး ပြည်တွင်း ခရီးသွားများ အပါအဝင် နိုင်ငံခြားသား
ဧည့်သည်များလည်း စီးနင်းမှု ပိုများခဲ့ကြောင်း၊ ယင်းအတွက် ပြေးဆွဲမှု
တိုးမြှင့်နိုင်ရေး စီစဉ်လျက်ရှိ ပြီး ပွင့်လင်း ရာသီအတွင်း ခရီးသွား ဦးရေ
ပိုမို များပြား လာနိုင်ကြောင်းနှင့် လက်ရှိ ကောက်ခံနေသော စီးနင်းခများကို
လျှော့ချကောက်ခံရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။
''စီးနင်းခတွေကို လျှော့ချလို့မရသေးဘူး၊ စမ်းသပ် ပြေးဆွဲကာလလို့ ဆိုရမှာပဲ၊
ဒီကာလမှာ တောင် စီးနင်းသူများတာ ပွင့်လင်းရာသီဆို ပိုများလာမှာ၊
နိုင်ငံခြား ဧည့်သည်တွေအတွက် အထူး အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ရှိပါတယ်''
ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
အဲယားကွန်းပါ အမြန်ရထား ခရီးစဉ်
အတွက် စီးနင်းခ အနေဖြင့် ရန်ကုန်မှ ကျိုက်ထို အထိ ငွေကျပ် ၃၅ဝဝ
သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသွားများကို စီးနင်းခ အမေရိကန် ဒေါ်လာ ၁ဝ
ဒေါ်လာ သတ်မှတ်ထားကြောင်း၊ ထို့အပြင် နိုင်ငံခြား ခရီးသွားများနည်းတူ
ပြည်တွင်း ခရီးသွားများ အနေဖြင့်လည်း ရန်ကုန်ဘူတာတွင် အထက်တန်း ကြိုတင်
လက်မှတ်ယူ၍ ခရီးသွားမည့်သူ အပါအဝင် လက်မှတ်ငါးစောင် အထိ နိုင်ငံသား
စိစစ်ရေး ကတ်ပြား ပြသ၍ ကြိုတင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့အပြင် စတင် မထွက်ခွာမီ ၁၅ မိနစ်အလိုအထိ စီးနင်းလက်မှတ် ဝယ်ယူနိုင်ပြီး
ကျိုက်ထီး ရိုးဘုရားဖူး ကာလများ၌ ဝန်ဆောင်မှု တိုးမြှင့်မည် ဖြစ်ကြောင်း
ခရီးစဉ် ကြာမြင့် ချိန်သည် ၄ နာရီခန့်ရှိပြီး ခရီးစဉ် အတွင်း ဦးရေ ၃၃ဝ
ကျော် တင်ဆောင်နိုင်ကြောင်း သိရ သည်။
မြ၀တီ
No comments:
Post a Comment