ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း
အမှတ် (၁၀)
အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင်
အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့်
ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ်
ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။
လမ်းဘေးတွင် ငါးမျှားသူတစ်ဦးက ငါးထည့်ထားသောအထုပ်ဖြင့် ယင်း
အနက်ရောင်အိတ်ထုပ်ကို မှားယူမိ၍ ဖွင့်ကြည့်ရာမှ အိတ်အထပ်ထပ် ထုပ်ထားသော
အထုပ်ဖြစ်ကာ ဝါယာကြိုးနှစ်စ ထွက်နေသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ
အကြောင်းကြားခဲ့ကြောင်း စတင်တွေ့ရှိသူ ဦးမောင်ဌေးက ပြောကြားသည်။
အဆိုပါ မသင်္ကာဖွယ်အိတ် တစ်ထုပ်ကို သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူများက
လာရောက်စစ်ဆေးခဲ့ရာ သစ်သားတုံးပေါ် တွင် ပိုးသတ်ဆေးအခွံကို တိပ်ဖြင့် ပတ်ကာ
သံမှိုတစ်ချောင်း ရိုက်ပြီး ဖုန်းကြိုးဖြင့် ပတ်၍ ဝါယာကြိုးစ ထုတ်ထားသည့်
ပစ္စည်းတစ်ခုသာ ဖြစ်ပြီး ပြည်သူများ စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊
ယင်းပစ္စည်းကို တာဝန်ရှိသူများက မွန်းလွဲ ၂နာရီတွင် အပြီးသတ်
ရှင်းလင်းခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။
"ဗုံးလို့ ထင်ရအောင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင်
ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ နောက်တာတော့ မဟုတ်ဘူး" ဒိုက်ဦးမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အုန်း က ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment