Pages

19.10.13

ဝက်ဖြူရေချောက်၌ ဘုရားဖူးကား ထိုးကျ ၊ လူတစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြိုသို့ မောင်းနှင်လာသည့် surf ကား အမျိုးအစား ယာဉ်အမှတ် ၂က/၈၉၄၀ သည် ကလောမြို့နယ်
ဝက်ဖြူရေ အတက်လမ်း၌ အောက်တိုဘာ ၁၈ ရက်နေ့လယ် တစ်နာရီငါးမိနစ်အချိန်က တိမ်းမှောက်ပြီး ပေ ၅၀၀ ကျော်နက်သည့် ချောက်အတွင်း သို့ထိုးကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါကားပေါ်တွင် ယာဉ်မောင်း ကိုမျိုးဝင်းသန်းနှင့်အတူဦးဝင်းမောင် ၆၃ နှစ် (ဘ) ဦးဟန်သာ၊ ဒေါ်အုံးသန်း ၅၇နှစ်(ဘ) ဦးဘသန်း၊ ဒေါ်တင်ကြည် ၅၇နှစ်(ဘ) ဦးဘသန်း၊မနော်နီလာမျိုး၃၈နှစ် (ဘ) ဦးမျိုးတင့် ၊ဆုဝေထက် ၁၀နှစ် (ဘ)ဦးမျိုးဝင်းသန်း၊ မောင်ဥာဏ်ဖုန်းမင်း ၄ နှစ် (ဘ) ဦးမျိုးဝင်းသန်း ပါရှိသည်။

''ဘုရားဖူးလာတဲ့ကား ဖြစ်ပါတယ်။ နယ်ခံတွေမဟုတ်တော့ လမ်းမကျွမ်းလို့ ပြုတ်ကျသွားတာပါ။ အခုစခန်း ကနေပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ နဲ့ယာဉ်မောင်း ကိုမျိုးဝင်းသန်းကို အမူဖွင့်ပြီးအရေး ယူဆောင်ရွက်လျက် ရှိပါတယ်''ဟု ကလောမြို့ရဲစခန်းမှဒုရဲအုပ် မင်းကိုကိုကပြောသည်။

အဆိုပါကားချောက်အတွင်းထိုးကျမှုကြောင့် ဒေါ်တင်ကြည် ၅၇နှစ် (ဘ) ဦးဘသန်းမှာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ကားမှေက်သည့်ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူမသီတာက ပြောသည်။

ကျန်ရှိသူများဖြစ်ကြသည့် ဆုဝေထက် အသက် ၁၀နှစ်(ဘ)ဦးမျိုးဝင်းသန်းမှာ တောင်ကြီးမြို့စပ်စံထွန်းဆေးရုံ အရိုးအကြော ဆောင်တွင်ကုသမှုခံယူနေပြီး ကျန် ၆ ဦးမှာ ခွဲစိပ်ဆောင်၌ ဆေးကုသမူခံယူလျက်ရှိသည်။

အဆိုပါကားတမ်းမှောက်မှုကြောင့် ဦးဝင်းမောင် ၆၃ နှစ် ယာဘက်ခြေသလုံး ၊ ၀ဲဘက်ဂြိုလ်စောင်းနှင့် ၀ဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာများရရှိ၊ ဒေါ်အုံးသန်း ၅၇ နှစ် ယာပါးပြင်ဘယ်နားတစ်ဘက်ညိုမဲဒဏ်ရာ ၊ဦးခေါင်းဝဲထိပ်၊ ၀ဲမျက်ခုံး၊ ယာလက်ဖျံနှင့်လက်ဖမိုးဒဏ်ရာရရှိ၊ မနော်နီလာမျိုး ၃၈ နှစ် ခါးတွင်ထိခိုက် ၊ ၀ဲခြေထောက်ပွန်းပဲ့၊စုဝေထက် ၁၀ နှစ် ယာဘက်ဒူးထိခိုက်၊ ဥာဏ်ဖုန်းမင်း ၄ နှစ် ၀မ်းဗိုက်ပေါက်ပြဲ ၊ ယာဉ်မောင်းကိုမျိုးဝင်းသန်း ယာဘက် လက်မောင်းနှင့် ခြေသလုံးတိုတွင် ဒဏ်ရာများအသီသီးရရှိခဲ့ကြောင်း သိရသည်။

Myit Ma Kha Media Group

No comments:

Post a Comment