အမေရိကန် ကွန်ဂရက်မှ အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုကြောင့် အစိုးရ
ယန္တရားကြီး ရပ်ဆိုင်း ခဲ့ရခြင်းသည် စီးပွားရေး လုပ်ငန်းများတွင် စတင် ထိခိုက်နေပြီ ဖြစ်ကြောင်း အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ပန်နီ ပရစ်တ်ဇကာက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
၎င်း၏ မှတ်ချက်ပြု ပြောစကားသည် အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု (APEC) အစည်းအဝေးတွင် အမေရိကန်၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍
စိုးရိမ်လျက် ရှိကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာကြသည့် နိုင်ငံ
ခေါင်းဆောင်များက ပြောကြားမှု အပေါ် တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီတစ်ခု ဖြစ်သည့်
လော့ခ်ဟိဒ်မာတင်က ထိုကဲ့သို့အစိုးရ ယန္တရားကြီး ရပ်ဆိုင်း မှုကြောင့် ၎င်းကုမ္ပဏီ
အနေဖြင့် အလုပ်သမား ပေါင်း ၃ဝဝဝ ကျော်ကို လစာမဲ့ ထွက်ခွင့် ပေးရဖွယ် ရှိနေ
ကြောင်း အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။
အမေရိကန် ကွန်ဂရက်
အနေဖြင့် အသုံးစရိတ် အသစ် ခွဲဝေမှုနှင့် ပတ်သက်၍ သဘောတူညီမှု
မရရှိခဲ့ခြင်းကြောင့် အမေရိကန် အစိုးရက အရေးမကြီးသော လုပ်ငန်းများကို
အောက်တိုဘာ ၁ရက်တွင် ရပ်ဆိုင်းခဲ့ရသည့် အပြင် အမေရိ ကန်သမ္မတ ဘားရက်
အိုဘားမား၏ အာရှဒေသ ခရီးစဉ်သည်လည်း ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment