အစိုးရဌာနများတွင် လက်ရှိအသုံးပြုနေသောကားများမှာ ဟောင်းနွမ်း သက်တမ်း
လွန်နေပြီဖြစ်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်းမပြုဘဲ
ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။
အောက်တိုဘာ ၂ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝေါမဲ ဆန္ဒနယ်မှ
ဦးမြင့်ရွှေ၏ အစိုးရဌာနများမှ မော်တော်ယာဉ်နှင့်ပတ်သက် ပြီး
မေးမြန်းခြင်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်အရ လက်ခံရာတွင် ပုဂ္ဂလိကပိုင်ယာဉ်များကိုသာ
အစားထိုးအပ်နှံစေခဲ့ပြီး အစိုးရ၀န်ကြီးဌာနများမှ ကားများကို အစားထိုး
လဲလှယ်မည်ဆိုပါက နိုင်ငံတော် ဘတ်ဂျက်မှ ကျပ်သန်းပေါင်းများစွာ
ကုန်ကျမည်ဆိုသောကြောင့် လဲလှယ်ခြင်းမပြုကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
““ဘယ်လိုပဲဖြစ်ဖြစ် ၀န်ထမ်းဖယ်ရီတွေကိုတော့ လဲပေးသင့်နေပြီ။ ကားတွေက
အဆင့်အတန်းမမီတော့ဘူး။ အရာရှိတွေရဲ့ကား က နောက်ဆုံးမော်ဒယ်တွေ ဖြစ်နေပြီ””
ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
သို့သော် အစိုးရဌာနတွင်း လိုအပ်ချက်များအရ ၂၀၁၂-၁၄ မှ စတင်ပြီး
စုစုပေါင်းယာဉ်ကြီး ယာဉ်ငယ် ၃၀၀၀ နီးပါး တင်သွင်းအစားထိုးရန်
အစီအစဉ်များရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
လက်ရှိအစိုးရ၀န်ကြီးဌာနများတွင် အသုံးပြုနေသော ကားအစီးရေမှာ ၄၀ယ၀၀၀
ကျော်ရှိပြီး ၂၀၀၀၀ ကျော်မှာ နှစ် ၂၀ သက်တမ်းရှိနေပြီဖြစ်သောကြောင့်
ယာဉ်အိုယာဉ်ဟောင်း စာရင်းဝင်နေသော်လည်း ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။
အစိုးရ၀န်ကြီးဌာနများ၌ လတ်တလောတွင် ကြိုပို့ယာဉ်အများစုမှာ နှစ်
သက်တမ်းကြာမြင့်နေပြီဖြစ်သည့် တီအီး၊ ရိန်းဂျား၊ ဘီအမ်ယာဉ်များကိုသာ
အဓိကအသုံးပြုနေပြီး အချို့သော ၀န်ကြီးဌာနများတွင်မူ မီနီဘတ်စ်များကို
အသုံးပြုနေကြောင်း အစိုးရ၀န်ထမ်းများထံမှ သိရသည်။
အချို့သောဝန်ကြီးဌာနများတွင်မူ ဌာနတွင်းအသုံးပြုရန်အတွက် ယာဉ်အိုယာဉ်ဟောင်း
အပ်နှံစရာမလိုဘဲ အလွတ်တင်သွင်းခွင့်အဖြစ်
တန်ဖိုးမြင့်မော်ဒယ်ကားသန့်များအား နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်
ဝယ်ယူရန် တင်ဒါခေါ်ယူမှုများစွာ ရှိခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းကြိုပို့ယာဉ်တစ်စီး အား တွေ့ရစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
7 DAY DAILY
No comments:
Post a Comment