တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ တပ်ဖွဲ့များသည်
မြောက်ကိုရီးယား နိုင်ငံနှင့်
တင်းမာမှုများမြင့် တက်နေသည့်ကြားကပင် SAREX အမည်ရှိ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့် ခန်း တစ်ရပ်ကို အောက်တိုဘာ ၁ဝ ရက်တွင် ကိုရီးယားကျွန်းဆွယ်
ကမ်းလွန်ပင်လယ်ပြင်၌ စတင်လေ့ကျင့် လျက်ရှိကြောင်းနှင့် အဆိုပါ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုသည် အောက်တိုဘ ၁ဝ ရက်မှ ၁၁ ရက်အထိ ကြာမြင့်မည်
ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက
သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင်ထုတ် ဖော်ပြောကြားခဲ့သည်။
၎င်းပူးတွဲ
စစ်ရေး လေ့ကျင့်ခန်းသည် စစ်ရေးအတွက် သာမက သင်္ဘောနစ် မြုပ်ရာတွင်
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကူအညီ ပေးရန်နှင့်
လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်
လေ့ကျင့်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်
ခန်းကို အောက် တိုဘာ ၈ ရက်မှ ၁ဝ ရက်အထိ ၃ ရက် ကြာလေ့ကျင့်ရန် မူလက
စီစဉ်ထားသော်လည်း တိုင်ဖုန်း မုန်တိုင်းကြောင့် လေ့ကျင့်မည့် အစီအစဉ်ကို
ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ၎င်းပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွင်
တောင်ကိုရီးယားနှင့် ဂျပန်တို့မှ Aegis စစ်သင်္ဘောများ ပါဝင်ပြီး
အမေရိကန်နိုင်ငံမှ ဂျက်တိုက် လေယာဉ်အစင်း ၇ဝ၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး
ရဟတ်ယာဉ်နှင့် ကြိုတင်သတိပေးရေး လေယာဉ်များ တင်ဆောင်နိုင်သည့် USS George
Washington လေယာဉ်တင် သင်္ဘောလည်း ပါဝင်လေ့ကျင့်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment