အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ စတီဗင် ဂျာရတ်က ပရီးမီးယားလိဂ်တွင် အင်္ဂလန်
ကစားသမားများ ဦးရေ တိုးမြှင့်ရန်အတွက် ဆောင်ရွက်နေသည့် အက်ဖ်အေ ဥက္ကဌ ဂရတ်ဒိုင်ကီ၏ အစီအစဉ်ကို ထောက်ခံ အားပေးကြောင်း ပြောဆိုခဲ့သည်။
အက်ဖ်အေ ဥက္ကဌ ဂရတ်ဒိုင်ကီသည် ပရီးမီးယားလိဂ်၌ ကစားနေသည့် အင်္ဂလန်
ကစားသမားများ ဦးရေကို (၃၆) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းအထိ
တိုးမြှင့်ရန်အတွက် အကြုံပြုခဲ့ပြီး၊ ယင်းသို့ ဆောင်ရွက်ရန်အတွက် အင်္ဂလန်
နည်းပြဟောင်း ဂလန် ဟော်ဒယ်၊ အက်ဖ်အေ နည်းစနစ် ဒါရိုက်တာဟောင်း ဟောင်းဝပ်
ဝီကင်ဆင်နှင့် အင်္ဂလန် နောက်ခံလူဟောင်း ဒန်နီ မီလပ်စ်တို့ ပါဝင်သည့်
ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီ၏ ရည်ရွယ်ချက်မှာ
အရည်အချင်းရှိသည့် အင်္ဂလန် ကစားသမားများ ထိပ်တန်းကလပ်များတွင်
ပါဝင်ခွင့်ရရန်နှင့် အင်္ဂလန် လက်ရွေးစင်အသင်း တိုးတက်ရန်အတွက်
ဆောင်ရွက်သွားရန် ဖြစ်သည်။
ဂရတ် ဒိုင်ကီရဲ့ အစီအစဉ်ကို အသိအမှတ်
ပြုရပါမယ်။ အင်္ဂလန် ကစားသမား ဦးရေ ထိပ်တန်းလိဂ်မှာ တိုးမြှင့်နိုင်မယ့်
အစီအစဉ်ကို ဒိုင်ကီက ကြိုးစား လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို
လက်တွေ့လုပ်ဆောင်ဖို့ ကျွန်တော်တို့ အချိန်ယူရအုန်းမှာပါ။
ဒီလိုအစီအစဉ်မျိုးက တညတည်းနဲ့ လုပ်လို့ မဖြစ်ပါဘူး။
အင်္ဂလန်နိုင်ငံက ခွင့်ပြုထားတဲ့ နိုင်ငံခြားသား ကစားသမား ဦးရေကို
ထက်ဝက်လျော့ချဖို့ ဒိုင်ကီ ကြိုးပမ်းနေတဲ့ သတင်းတချို့ကိုလည်း ကျွန်တော်
ဖတ်ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ စတင်ဆောင်ရွက်မှု တစ်ခုလို့ ကျွန်တော်
ထင်ပါတယ်ဟု စတီဗင် ဂျာရတ်က ထောက်ခံပြောဆိုခဲ့သည်။
Written by ရင်သွေးငယ်
Football Café
No comments:
Post a Comment