ဒါရိုက်တာသျှိုကြီး ရိုက်ကူးနေ တဲ့ ‘အထာ’ ဆိုတဲ့ဇာတ်ကားကို အေး မြတ်သူက
ဟိန်းဝေယံနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ အေးမြတ်သူက ဟိန်းဝေယံ
ရဲ့ချစ်သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားလေးက ပညာပေး အချစ်ဇာတ်လမ်းလေးဖြစ်တယ်လို့ သိရပါတယ်။ အေးမြတ်သူက
ပညာ ပေးဇာတ်လမ်းတွေ ရိုက်ရတာကို လည်း သဘောကျပြီး ပရိသတ်တွေ အတွက်ဆို
ဘယ်ဇာတ်ရုပ်မဆို ရိုက် ပြချင်ပြီး ရသစုံပေးချင်တယ်လို့ဆိုပါတယ်။
“ဇာတ်လမ်းတိုင်းကတော့ ပညာပေးမရိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်က
ပညာပေးဇာတ် ချည်းပဲဆို ကြည့်ရတာ ပျင်းလာမယ်။ အဲဒီ တော့ ရသစုံအောင်ေ တာ့
ပေးရ တယ်။ တစ်ခုမဟုတ်တစ်ခု ပရိ သတ်ကို ဘယ်လိုရသပေးရမလဲ ဆိုပြီး
စဉ်းစားဖြစ်တယ်။ ကိုယ်တိုင်က လည်း ဘယ်ဇာတ်ရုပ်ဆိုပြီး ရိုက်ချင်
တာမျိုးလည်း မရှိဘူး။ ဘယ်ဇာတ်ရုပ် ပဲလာလာ ကိုယ်ရအောင်ရိုက်မယ်။
ငါနဲ့မလိုက်ဘူးဆိုတာ မရှိဘူးလို့ပဲ ခံယူထားတယ်။ ဘာဖြစ်လို့လဲဆိုတော့
အေးမြတ်သူက ခေါင်းစဉ် တစ်ခု အောက်မှာ မနေတတ်ဘူး။ အမြဲတမ်း လည်း
လွတ်လွတ်လပ်လပ်ပဲနေတယ်။ စိတ်ကိုချုပ် ကိုင်တာမျိုးကို မကြိုက်ဘူး။
အဲဒီအတွက်ကို ဘယ် ဇာတ်ရုပ်ရိုက်မယ်၊ မရိုက်ဘူး ဆိုတာ မျိုးမရှိပါဘူး” လို့
ပြောပါတယ်။ အေးမြတ်သူက ဘယ်အလုပ်မဆို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဆုံးဖြတ်
ပြီးတော့ လုပ်ဖြစ်တယ်လို့ ဆိုလာတဲ့ အေးမြတ်သူက..
“အလုပ်တစ်ခုကိုလုပ်ရင် ပတ်ဝန်းကျင်ရဲ့ အသံကိုတော့ နားစွင့်ရတယ်။ ဒါပေမဲ့
တကယ့် တကယ် ဆုံးဖြတ်ချက်က ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်။ ဖြစ်လာ တဲ့
ကောင်း သည်၊ ဆိုးသည်ကိုလည်း ကိုယ်ပဲခံရ မယ်။ သူများပြောလို့ဖြစ်ရတာမျိုး
မရှိဘူး။ကိုယ်ဆုံးဖြတ်တာ ကိုယ်ပဲခံ ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပဲထား တယ်။
မှားခဲ့ရင် လည်း နောင် ဒီလို မျိုးမဖြစ်အောင် ဆင်ခြင်ရမယ်ဆိုတဲ့
အတွေးပဲတွေးတယ်။ ဘာပဲလုပ်လုပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ဖြစ် တယ်။
ငယ်ငယ်ကတည်းကလည်း အိမ်ကမိဘတွေက ဒါလုပ်ရမယ် ဆိုတာမျိုးမရှိဘူး။ ဒါလုပ်ရင်
ဒါဖြစ် မယ်၊ ဟိုဟာလုပ်ရင် ဟိုဟာဖြစ်မယ်။ အဲဒီအထဲမှာမှ ကိုယ်ဖြစ်ချင်တဲ့လမ်း
ကို ရွေးလျှောက်ခိုင်းတယ်။ အဆိုး၊ အကောင်းကိုပဲ သိအောင်ပြောပြ ထားတယ်။
အဲဒီတော့ ကိုယ်ရွေးချယ် လို့ ကောင်းတာဖြစ်ခဲ့ရင်လည်း
အဲဒီအပေါ်မှာပျော်ရွှင်တယ်။ မကောင်း တာဖြစ်ခဲ့ရင်လည်း အဲဒီအမှားရဲ့ အပေါ်မှာ
ခံစားပြီး နောက်ထပ် အဲဒီ လိုမမှားအောင် ကြိုးစားဖြစ်တယ်။
အမြဲတမ်းတော့အဆိုးထဲက အ ကောင်းကို ရအောင်ယူဖြစ်တယ်။အဆိုးကြီးဖြစ်
သွားခဲ့ရင်တောင် နောက်ထပ်ဒီလို မဖြစ်ရဘူးဆိုပြီး သင်ခန်းစာယူဖြစ်တယ်” လို့
ပြောပါ တယ်။
လွင်လွင်ထွန်း၊ ဓာတ်ပုံ- မင်းမင်းထွန်း
Popular Journal
No comments:
Post a Comment