Samsung မှ ယခင် အောက်တိုဘာလ ကုန်ပိုင်းလောက်တွင် တရားဝင်ရောင်းချ ခဲ့သော
Galaxy Note 3 နှင့် တွဲဖက် အသုံးပြုရမည့်
Galaxy Gear နှင့် View
Cover များကို ၀ယ်ယူထားသူများ ထံသို့ ယမန်နေ့မှ စတင်ဆက်သွယ်ကာ ပစ္စည်းများ
ပေးအပ်နေပြီ ဖြစ်ပါတယ်။ (Gear ၀ယ်ယူထားသူများ ရှိပါက Showroom
နှင့်ဆက်သွယ်ကာ ပစ္စည်း ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။)
တစ်လအကြာမှ
ပစ္စည်းများ ရရှိတဲ့အတွက် လက်ရှိပေါက်ဈေးတွေကလည်း စတင်ရောင်းချ ချိန်နှင့်
နှိုင်းယှဉ်လျှင် တော်တော်ကွာခြားပြီး သက်သာနေပြီ ဖြစ်ပါတယ်။ View Cover
ပင်လျှင် ယခင် ဈေးနှင့် ထက်ဝက်ခန့် သက်သာကာ ယခု ၂၀၀၀၀ ကျပ်ဖြင့်
ရောင်းချနေပြီ ဖြစ်ပါတယ်။
ယခင် ၀ယ်ယူထားသူများအတွက် သာ Gear
ပစ္စည်း ရှိပြီး၊ အသစ် ထပ်မံ ရောင်းချရန် အတွက်မူ လကုန်ပိုင်းကျော်မှသာ
ပစ္စည်း ရောက်ရှိမည်ဟု Samsung Showroom မှ သိရှိရပါသည်။
စကားချပ်။
။ အချိန်သည် ငွေကြေးဖြစ်သည့်အလျောက် ပစ္စည်း မတွေ့ရဘဲ ၀ယ်ယူထားမိသော
Customer များအတွက်ကား ဈေးကြီးကြီးနှင့် ၀ယ်ယူမိပြီး ပစ္စည်းလည်း အသုံးမပြု
ဘဲ ဖြစ်ရသလို Opportunity Cost လဲ ဆုံးရှုံးရသည်။
TechSpace Journal
No comments:
Post a Comment