ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ တောင်သမန်
အင်းမှာ နှင်းဖြစ်ပါတော့
စာအုပ်မိတ်ဆက်ပွဲနှင့် ငြိမ်းချမ်းကောင်းကင်
စာအုပ်တိုက် မိတ်ဆက်ပွဲကို ယနေ့ နေ့လယ်က City Star Hotel တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာ ဦးဘုန်း(ဓာတု)၊ ဆရာ မောင်မိုးသူ၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာ ချစ်ဦးညိုတို့မှ မုဒိတာ စကားအသီးသီး ပြောကြားခဲ့ပြီး
ငြိမ်းချမ်းကောင်းကင် စာအုပ်တိုက်မှ ဦးသိန်းမြင့်က စာအုပ်တိုက်
ဖြစ်ပေါ်လာပုံနှင့် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)မှ ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းကောင်းကင်
စာအုပ်တိုက်မှ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ ရေးသားသော စာအုပ်များကို
ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်စည်
Popular Myanmar News

No comments:
Post a Comment