ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ်(၁)
ချစ်ကြည်ရေးတံတား၌ အောက်တိုဘာ ၁၈ ရက်
နံနက် ၁၁ နာရီ ၁၅ မိနစ်က
ခရိုင်/မြို့နယ် လူကုန်ကူးမှု
တားဆီးကာကွယ်ရေး အဖွဲ့ဝင်များဖြစ်သော မကဖ(၈)ဦးဝင်းအောင် ဦးစီး၊
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ လူကုန်ကူးမှုတားဆီး
နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ခံ ဒုတိယရဲမှူး ရင်ရင်အေးနှင့်ဌာန
ဆိုင်ရာများပါဝင်သော အဖွဲ့သည် ထိုင်းနိုင်ငံ၊ လဝက ဦးစီးအရာရှိ စာစီတွန်၊
မယ်ဆိုင်ခရိုင် လဝကမှူး ဖနော်ကျာလူဖတ်၊ မယ်ဆိုင်ခရိုင် ဒုလဝကမှူး ဆက်ဒါးရန်
စုကျမ်းနှင့် ဒုလဝကမှူး ယဆဲန်ခုမ် ဟန်ဆန်တို့မှ မြန်မာအလုပ်သမား အမျိုးသား
၁ဝ ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ပေါင်း ၁၇ ဦးကို
လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။
လွှဲပြောင်းလက်ခံခဲ့သော
မြန်မာနိုင်ငံသား ၁၇ ဦးတို့ကို တာချီလိတ် မြို့မကာဟိုခမ်းရပ်ကွက်
မဟာမြတ်မုနိကျောင်းတိုက်အတွင်း၌ အခြေပြုပြီး
ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့
တရားမဝင်ရောက်ခဲ့ပြီး နေထိုင်ခွင့်ကတ်များ မရှိခြင်းနှင့်
နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက်ကျော်လွန်ခြင်းတို့ကြောင့်
ရှောင်တခင်စစ်ဆေးချက်အရဖမ်းဆီး ခံရခြင်းဖြစ်ပြီး ၎င်းတို့မှာ လူကုန်ကူးခံ
ရခြင်းမရှိကြောင်း၊ လွှဲပြောင်းအလုပ်သမား ၁၇ ဦးကို
မြို့နယ်အုပ်ချုပ်ရေးမှူးအစီအစဉ်ဖြင့် မွန်းလွဲ ၂ နာရီ ခွဲက
၎င်းတို့၏မိဘဆွေမျိုးများထံ ခံဝန်ဖြင့် အပ်နှံပေးခဲ့ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment