အမေရိကန် အထူး တပ်ဖွဲ့ဝင်များသည် ဆိုမာလီယာနှင့် လစ်ဗျား နိုင်ငံများ အတွင်းသို့ စီးနင်း ၀င်ရောက်၍ အယ်လ်ကိုင်ဒါ ခေါင်းဆောင်
တစ်ဦးဖြစ်သူ
အဘူအေနက်စ်အယ်လ်-လီဘီအား ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက် အုပ်စုများ အပေါ်
တန်ပြန် တိုက်ဖျက်မှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း
အမေရိကန်နိုင်ငံမှ အောက်တိုဘာ ၆ ရက်က ကတိပြု ပြောကြားခဲ့သည်။
လီဘီသည် FBI အဖွဲ့၏ အလိုရှိသူများစာရင်းတွင် တစ်ဦး အပါအ၀င် ဖြစ်ပြီး ၎င်းကို
အမေ ရိကန် ရေတပ် သင်္ဘောတစ်စင်းပေါ်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေး
မေးမြန်း မှုများ လုပ်ဆောင် လျက်ရှိကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦးက
အေအက်ဖ်ပီ သတင်း ဌာန သို့ ပြောကြားခဲ့သည်။
ထို့ပြင်
အကြမ်းဖက်အုပ်စုများသည် နိုင်ငံအတွင်းရှိ ပြည်သူများနှင့် ပြည်သူတို့၏ အသက်
အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျက် ရှိသောကြောင့် ၎င်းတို့အား တန်ပြန်
တိုက်ခိုက် မှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်
ကာကွယ်ရေးဝန်ကြီး ချက်လ် ဟေဂယ်လ်က ပြောကြားခဲ့သည်။
သို့ရာတွင်
အမေရိကန် အထူးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၅ ရက်တွင် လစ်ဗျားနိုင်ငံ
အတွင်းသို့ ၀င်ရောက် တိုက်ခိုက်ခြင်းနှင့် စပ်လျဉ်း၍ ဖြေရှင်းချက်ပေးရန်
လစ်ဗျားဝန်ကြီး ချုပ် အက်သ်ဒီဖာရာ့ရှာဒွန်ဆာအစ်က ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment