ထိုင်းပင်လယ်ကွေ့အတွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ
စတင် ဖြစ်ပေါ်ခဲ့သည့်
လေဖိအားနည်းဆဲလ် INVEST 90W သည် အောက်တိုဘာလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ
နာရီ JTWC မှ သတိပေးထုတ်ပြန်ချက် Warning-01 အရ အပူပိုင်းမုန်တိုင်း 02B ဖြစ်လာပါသည်။
မုန်တိုင်း 02B သည် အနေက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး
အောက်တိုဘာလ ၁ဝ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၁
ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက် –
မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့
လည်းကောင်း အသီးသီး ရောက်ရှိလာမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။
(ပုံ-၁)
အပူပိုင်းမုန်တိုင်း(TS)အဆင့်သို့ ရောက်ရှိလာသည့် 02B သည်
အန်ဒါမန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့
ရောက်ရှိပြီးနောက် အောက်တိုဘာလ ၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင်
မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အနောက်တောင်ဘက် မိုင် ၈ဝ ခန့်သို့
လည်းကောင်း၊ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်သို့လည်းကောင်း
ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
ဤအချိန်တွင် မုန်တိုင်း ဗဟို၌ လေတိုက်နှုန်း ၄၅ နော်တီကယ်မိုင်မှ ၅၅
နော်တီကယ်မိုင်(တစ်နာရီ မိုင် ၅ဝ မှ ၆၃ မိုင်ခန့်)ရှိမည်ဖြစ်ပြီး
မုန်တိုင်း ဒီလှိုင်းအမြင့် ၅ မီတာမှ ၆.၅ မီတာအထိ ရှိနိုင်ကြောင်း
ခန့်မှန်းထားပါသည်။ မုန်တိုင်းအရှိကြောင့် အောက်တိုဘာလ ၉ ရက် ညနေ ၁၈း၃ဝ
နာရီနှင့် အောက်တိုဘာလ ၁ဝ ရက် ဝ၆း၃ဝ နာရီတို့တွင် မြန်မာနိုင်ငံတောင်ပိုင်
ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများ၌ လေတိုက်မည့် အခြေအနေခန့်မှန်းချက်ပုံအား
(ပုံ-၂)(ပုံ-၃) တို့ဖြင့်တင်ပြထားပါသည်။
မုန်တိုင်း 02B သည်
လတ်တလော ခန့်မှန်းချက်များအရ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး
အောက်တိုဘာလ ၁၂ ရက် ညပိုင်းတွင် အိန္ဒိယနိုင်ငံ သြရိသပြည်နယ်နှင့်
အန်ဒရာပရာဒေ့ရှ်ပြည်နယ် နယ်စပ်အနီးမှ အဆင့်-၂
ဆိုင်ကလုန်းမုန်တိုင်းအဖြစ်(မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း 85 knots –
တစ်နာရီ ၉၇ မိုင်နှုန်းခန့်)ဖြင့် ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ကြိုတင်
ခန့်မှန်းထားပါသည်။
MMweather Page
No comments:
Post a Comment