အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပွားလျက်
ရှိသည့် ပိုင်နက် အငြင်းပွားမှုတွင်
ကြားဝင်စွက်ဖက်ခြင်း မပြုရန် အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံ
တို့အား တရုတ်နိုင်ငံမှ သတိပေး ပြောကြားခဲ့ပြီး ပိုင်နက် အငြင်းပွားမှုနှင့်
စပ်လျဉ်း၍ နိုင်ငံ အချင်းချင်း တင်းမာမှုများ မြင့်တက် လာစေရန်
လှုံ့ဆော်ခြင်း မှလည်း ရှောင်ကြဉ် သင့်ကြောင်း အဆိုပါ သုံးနိုင်ငံအား
တရုတ်နိုင်ငံမှ အောက်တိုဘာ ၇ ရက်က တိုက်တွန်း ပြောကြား
ခဲ့သည် ဟု သိရသည်။
သို့မဟုတ်ပါက ပြဿနာများ ပိုမိုရှုပ်ထွေး လာမည်ဖြစ်ပြီး နိုင်ငံအားလုံး၏
အကျိုးစီးပွားကို ထိခိုက်နစ်နာ စေလိမ့်မည် ဖြစ်ကြောင်း တရုတ်
နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေး ဆိုခွင့် ရှိသူ ဟွာချွမ်ယင်းက
ဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဂျွန်ကယ်ရီ၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီ ဘစ်
ရှော့ပ်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါတို့
သုံးဦးတို့သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ ကျွန်းတွင် အောက်တိုဘာ ၄ ရက်က
ပြုလုပ်ခဲ့သော သုံးနိုင်ငံ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ အတွင်း ပင်လယ်ရေ
ပိုင်နက်အငြင်းပွားမှု နှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်နှင့် ဂျပန် နှစ်နိုင်ငံကြား ဆက်ဆံရေးသည် မကြာသေးမီ နှစ်များက
အရှေ့တရုတ် ပင်လယ်ရှိ လူနေထိုင်ခြင်းမရှိသော ကျွန်းငယ်များ နှင့်ပတ်
သက်၍ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ထို့အတူ ဗီယက်နမ်၊ ဖိလစ်ပိုင်၊
မလေးရှား၊ ဘရူနိုင်းနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်ရှိ
ရေနံနှင့်သဘာဝဓာတ်ငွေ့ ကြွယ်ဝစွာ ထွက်ရှိသော ကျွန်းဆွယ် ပိုင်နက်
အရေး နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
မြဝတီ
No comments:
Post a Comment