မယ်ဒဂုံ၊ မယ်ဗမာ၊ မယ် တက္ကသိုလ်ဆုတွေကို ရရှိထားတဲ့ မိခင်ဖြစ်သူအ တွက်
ဂုဏ်ယူ နေကြတဲ့သူတွေကတော့ မေခလာ၊ ရတနာနဲ့ မဥမ္မာတို့ပဲဖြစ်ပါတယ်။ မယ်ဆု ၃
ဆုရှင် မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး
”
အမေနဲ့ပတ်သက်ပြီး အစ်မတို့အနေနဲ့ တအားကို ဂုဏ်ယူစရာ ကောင်း ပါတယ်။
အစ်မတို့ရဲ့ အမေက သူ့ရဲ့ဘဝမှာမယ်ပြိုင်ပွဲ ၃ခါ ပြိုင်ခဲ့တယ်။ ၃ ကြိမ်စလုံး
ပထမ ဆုတွေပဲ ရခဲ့တယ်။ဒါကြောင့် ဒီလိုမျိုး အောင်မြင်တဲ့ အမေတစ်ယောက်ရဲ့
သမီးဖြစ်ရတာ ဂုဏ်ယူတာပေါ့” လို့ Two Lady Show အတွက် အကြိုလေ့ ကျင့်နေ တဲ့
မေခလာက မအားလပ်တဲ့ ကြားကနေ အမေဖြစ်သူ အတွက် ဂုဏ်ယူစကားကို
ဖြေကြားပေးခဲ့ပါတယ်။
မယ်ဆု ၃ ဆုရှင် ဒေါ်ဖြူဖြူရှိန်ရဲ့ သမီး
တစ်ယောက်ဖြစ် တဲ့ ရတနာ က လည်း အသက်၂၅ နှစ်ကျော် အရွယ်မှာ မယ်ဆု၃ဆုကို ဆွတ်
ခူးနိုင်ခဲ့တဲ့ မိခင်ဖြစ်သူ အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ ဆို ပြန်ပါတယ်။
” ဒီလိုဆုတွေရတယ်ဆိုတာက မေမေက လှလို့ပေါ့ (ရယ်လျက်)။ ဒီလို အမေမျိုးကို
အမေတော် ခွင့်ရတဲ့အတွက်ကြောင့် ဝမ်းသာ တာပေါ့။ အစ်မတို့မိသားစု တွေဆုံရင်
အမေက သူငယ်စဉ်က မယ် ပြိုင်ပွဲဝင်ပြိုင် ခဲ့တဲ့အကြောင်း ကို ပြန်ပြောပြတယ်။
အစ်မတို့ ညီအစ်မတွေကိုတော့ အမေက မယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ တစ်ခါမှ
မပြောခဲ့ဖူး ဘူး။ မေမေ့တုန်း ကလည်း အမေက စိတ်ပါဝင် စားပြီး
ဟိုပြိုင်ပွဲပြိုင်မယ်၊ ဒီပြိုင် ပွဲပြိုင်မယ်မ ရှိခဲ့ဘူးလေ။ ပြိုင်ဖို့
လာခေါ်လို့ ဝင်ပြိုင်ဖြစ်သွားတာ။ နောက် အစ်မတို့ လက် ထက်ကျ တော့
မယ်ပြိုင်ပွဲတွေက နည်း သွားပြီလေ။
လှယဉ်ကျေးမယ် တို့
ဘာတို့လောက်ပဲရှိတာ။ ဒါကြောင့် မေမေကလည်း အစ်မတို့ကို ပြိုင်ပွဲဝင်ဖို့
အတင်း လည်းမ တိုက်တွန်းဘူး။ ရတနာ တို့လည်း သိပ်စိတ်မဝင်စား တဲ့အတွက်
မလုပ်ဖြစ်ခဲ့ဘူး။ အစ်မတို့ရဲ့ အမေကလည်း ထူး လည်းထူးချွန်သလို အစ်မတို့
အပေါ်မှာလည်း တအားကို တာဝန်ကျေ တဲ့အမေပါ။ အစ်မ တို့ညီအစ်မတွေက ဒီလို လှလှ
ပပအမေတစ်ယောက်ကို ပိုင် ဆိုင်ခွင့်ရထားတာပေါ့” လို့ ပီတိအပြုံးတွေနဲ့
ရတနာကပြော လာခဲ့ပါတယ်။
လင်းအက္ခရာ
Popular Journal
No comments:
Post a Comment