လိင်တူချစ်သူတွေနဲ့ ပတ်သတ်ပြီး သဘောထားမှတ်ချက်တွေဟာ ယနေ့ ကမ္ဘာမှာရောမြန်မာနိုင်ငံ မှာပါ သဘောထားအမြင်တွေ အမျိုးမျိုးရှိနေဆဲဖြစ်ပါတယ်။
ဒီလိုသဘောထားမှတ်ချက်တွေကြောင့် လိင်တူချစ်သူတွေဟာ ဖိနိပ်ခွဲခြား
ဆက်ဆံခြင်းတွေခံစားနေရပြီး လူအဖွဲ့အစည်းကဖယ်ကျဉ် ခံခဲ့ရကာအသက်ပေး
ဆပ်ခဲံရတဲ့ဖြစ်ရပ်တွေလဲဖြစ်ပွားခဲ့ဖူးပါတယ်။ လိင်တူခြင်းချစ်ကြိုက်
စိတ်ဝင်စားတာဟာစိတ် ရောဂါတစ်ခုမဟုတ်ဘူးဆိုတာ ကမ္ဘာကျန်းမာရေးအဖွဲ့ က ၁၉၉၀
ပြည့်နစ်မှာထုတ်ပြန်ခဲ့ပြီးဖြစ် ပါတယ်။ဒါပြင့် လိင်တူ
ချစ်သူခြင်းလက်ထပ်ခွင့်ကို ကမ္ဘာပေါ်ရှိ နိုင်ငံ၁၃
နိုင်ငံမှာတရားဝင်ခွင့်ပြုထားပြီးဖြစ်သလို အာရှတိုက်မှာ ရှိတဲ့
ထိုင်းနိုင်ငံနဲ့ ဗီယက်နာမ်နိုင်ငံမှာလဲ ကြိုးစားနေပြီလို့ သိရပါတယ်။
လိင်တူချစ်သူတွေ ခွဲခြားဖိနိအ်ဆက်ဆံခံရခြင်းတွေအတွက် ၂၀၁၃ ခုနစ်ကနေ စပြီး
မြန်မာနိုင်ငံမှာ အခြေစိုက်ခဲ့တဲ့ လိင်တူချစ်သူများ အခွင့်အရေး
ဆိုင်ရာကွန်ယက် (colour Rainbow) အဖွဲ့မှာဦးဆောင် ပညာပေးနေတဲ့ ကိုလှမြတ်နဲ
့တွေ့ ဆုံမေးမြန်းထားပါတယ်။
မေး။ ။လိင်တူချစ်သူဆိုတဲ့ အဓိပ္ပါယ်ကိုအရင်ဆုံးရှင်းပြပေးပါ။
ဖြေ။ လိင်တူချစ်သူလို့ ပြောလိုက်တာနဲ့ များသောအားဖြင့် အားလုံး
ကမကောင်းတဲ့ ဘက်ကိုအရင်မြင်ကြတယ်။ လိင်တူချစ်သူ ဆိုတာ ယောင်္ကျားဖြစ်စေ
မိန်းမဖြစ်စေ လိင်စိတ်ခံယူမူကွဲပြား တာကိုပြောချင်တာပါ။အာဆီယံနဲ
့နိုင်ငံတကာတွေမှာ သူတို့ အတွက် သတ်မှတ်ထား တဲ့ အသုံးနူန်းရှိပါတယ်။
ဒါကတော့ LGBT ဆိုတာပါ။ L ဆိုတာ Lesbia အမျီုးသမီးခြင်း
ချစ်ခင်နစ်သက်စိတ်ဝင်စားသူ။ G ဆိုတာ gay ပေါ့ အမျိုးသားချင်းပဲ
ချစ်ခင်နစ်သက်စိတ်ဝင်စားသူ။ B ဆိုတာ Bi sexual အမျိုးသားရော အမျီုးသမီးရော
နစ်မျိုးလုံးကို ချစ်ခင်နစ်သက်စိတ်ဝင်စားသူ။T ဆိုတာ Trangender သွင်ပြင်
လက္ခာပြောင်းထားပြီး ယောင်္ကျားကနေ မိန်းမလိုဖြစ်စေ မိန်းမကနေယောင်္ကျား
လိုဖြစ်စေ ပြူမူနေထိုင်သူတွေ ဥပမာ အလှ ဖန်တီးရှင်တွေလို့ ပေါ့။
မေး၊ မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး လူပ်ရှားမူတွေ ဘယ်အချိန်ကစတင်ပေါ်ပေါက်ခဲ့တာပါလဲ။
ဖြေ၊ လိင်တူချစ်တူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး ဟိုးအရင်းတည်းက
မပြောပလောက်တဲ့ လူပ်ရှားမူတွေရှိခဲ့ပါတယ်။ အရင်ဆုံးတော့ထိုင်းနိုင်ငံမှာ
၂၀၀၇၊၂၀၀၈လောက် ကတည်းက ထိုင်းအခြေစိုက်လူ့ အခွင့် အရေးစောင့်ကြည့်ေ၇း အဖွဲ့ 
ံHREIB ကစခဲ့တာ အဲဒီအချိန်တုန်း ကလဲ မြန်မာနိုင်ငံလိင်တူချစ်သူတွေကို
ခေါ်ယူပြီး သင်တန်းပေး ခဲ့တာတွေလုပ်ခဲ့တယ်။ အခု ၂၀၁၃ မှာ မြန်မာနိုင်ငံမှာ
ပြန်အခြေကလေး သူငယ်အစိုက်ပြီးတော့ ကျွန်တော်တို့ Colour Rainbow အဖွဲ့ နဲ
့အတူပြည်တွင်းက လိင်တူချစ်သူတွေဖွဲ့ ထားတဲ့အဖွဲ့ သေးသေးလေးတွေကို ပညာပေးမူတွေလုပ်ပါတယ်။ လိင်တူချစ်သူတွေနဲ့ ပတ်သတ်တဲ့ ပွဲတွေကိုလဲ
ပြည်တွင်းမှာတရားဝင်ကျင်းပခွင့်ရခဲ့ပါတယ်။
မေး။ အခုလူအဖွဲ့ အစည်းမှာလိင်တူချစ်သူတွေအပေါ်လူအခွင့်အရေး ချိုးဖောက်
မူတွေရှိလာတယ်လို့ ပြောကြတာရှိပါတယ်။ဘယ်လိုချိုးဖောက် မူတွေချိုးဖောက်
ခံနေရ တာလဲသိချင်ပါတယ်။
ဖြေ။
လိင်တူချစ်သူတွေအပေါ်လူအခွင့်အရေးချိုးဖောက်ခံနေရဆိုတဲ့ နေရာမှာ နစ်ပိုင်း
ရှိပါတယ်။ တစ်ပိုင်းကတော့ လူမူအဖွဲ အစည်း ကခွဲခြားဆက်ဆံ မူတွေ လုပ်ပြီး
ချိုးဖောက် တာရှိသိလို ၊နိုင်ငံတော်ကလဲ ဥပေဒအကြောင်းအရ ချိုးဖောက် ကန်
့သတ်ထား တာ၊ နောက် တစ်ခုအလုပ်အကိုင်ရရှိခွင့်စတာတွေရှိတယ်။
လူမူအဖွဲ့ အစည်းကချိုးဖောက်တာဆိုတာကတော့ အရင်ဆုံးမိန်းမလို ၀တ်စားထားတဲ့
သူတွေ့ လိုက်ပြီဆို ရင် အခြောက်၊ နစ်ပိုင်းတစ်ပိုင်းစသည်ဖြင့် ပေါ့၊ သူတို
့ရဲ ဖြစ်တည်မူကို အသိမှတ်မပြုကြဘူး၊ စကားအသူံးနူန်းပေါ့ နိုင်ငံတကာက
သတ်မှတ်ထားတဲ့ လိင်တူ ချစ်သူဆိုတာရှိပေမယ့် ဒိမှာက လိင်ဆိုတာနဲ
့လူတွေကမကောင်းတာပဲမြင်ကြတယ်၊ ကျား ၊ မ အဲလိုမမြင်ဘူး။
ဥပဒေအပိုင်းအရဆိုရင်လဲ ပုဒ်ပ ၃၇၇ ဆိုတာရှိနေတယ် ။ ဒီပုဒ်မအရဆိုရင်
မိန်းမလိုဝတ်စားဆင်ယင်ထားသူတွေက အချိန်အရွေးဖမ်းဆီးခံရနိုင်တယ်။ ဒါကိုလဲ
ပြောင်း လဲပြင်ဆင် ဖို့ လွတ်တော်မှာဥပေဒပိုင်းအရ တင်ပြဖို့ စီစဉ်နေပါတယ်။
မေး၊ ဒီလိုလိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမူတွေ၊အခွင့်ရေးချီုးဖောက်မူတွေရဲ့  အကျီုးဆက်က ဘာတွေဖြစ်လာနိုင်ပါလဲ။
ဖြေ။ အရင်ဆုံးတော့ကလေးဘ၀ကစတာပပေါ့ စာသင်ကျောင်းတွေမှာ သူငယ်ချင်းတွေက
စနောက်လှောင်ပြောင်တာတွေရှိမယ်။ မိဘ၊ဆရာ ၊ဆရာမတွေ ကအတင်း ပြုပြင်ပြောင်းလဲ
တာတွေရှိမယ်။ ဒါတွေကြောင့် စာသင်ကျောင်းပြင်ပရောက်သွားခဲ့တဲ့ ကလေးတွေရှီ
ပါတယ်။ နောက်တစ်ခုက အစိုးရပိုင်းမှာတာဝန်ရှိတာပေါ့၊ ၃၇၇ ဆိုတဲ့ပုဒ်မ ၊
ပြီးတော့ HIV AIDS ရောဂါဝေဒနာခံစားနေရတဲ့သူတွေဆိုရင် ဆေးရုံဆေးခန်းတွေမှာ
ကျန်းမာရေးစောင့်ရှောက် ခတွေပိုပေးရတာရှိတယ်။ ဒါဖွဲ့စည်းပုံ
အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတိုင်း တန်းတူ ကျန်းမာရေးစောင့်ရှောက်
ခွင့်ဆိုတာကြီးကိုချိုးဖောက်နေပါတယ်။ မန္တလေးမှာဖြစ်သွားတဲ့ကိစ္စလဲ ဒီလိုပဲ
တရားပဒေ အရဆောင်ရွက်ရမယ့်အရာကို လုပ်ပိုင်ခွင့်တွေ ထက်ကျော်လွန်ပြီး
နိပ်စက်ခဲ့တာတွေ။ အဓိကလူ့ အခွင့်အရေးကို သိရပါမယ်။
လိင်တူချစ်သူမှမဟုတ်ဘူးမည်သူတစ်ဦး တစ်ယောက်ကိုမှ အနိုင်ကျင့်စော်ကား
ခွင့်မရှိဘူး၊ သာတူညီမျှရှီရမယ်။
မေး၊ အစိုးရပိုင်းက
ဥပဒေအကြောင်းရချိုးဖောက်ထားတဲ့ပုဒ်ပ ၃၇၇ ကိုလွတ်တော် မှာပြင်ဖို
့ကြိုးစားနေတယ်ဆိုတော့ လက်ရှိဆောင်ရွက် ချက်ကို သိချင်ပါတယ်။
ဖြေ။
ပုဒ်မ၃၇၇ဆိုတာက ဗြိတိသျှအစိုးရလက်ထက်က ထုတ်ပြန်ခဲ့တဲ ပုဒ်မပါ။ ဒီမတိုင်ခင်
က မြန်မာနိုင်ငံမှာဒီလိုပုဒ်မမျိုးမရှိခဲ့ပါဘူး။ ဒီ၃၇၇ ဆိုတဲ့ ပုဒ်မ ကို
မြန်မာလိုဘာသာပြန်တော့ သဘာဝမကျတဲ့လိင်ဆက်ဆံမူဖြစ်ပါတယ်။ အဓိကက ဒီပုဒ်မရဲ
့အဓိပ္ပယ်ပါ။ သဘာဝ မကျတဲ့လိင်ဆက်ဆံမူဆိုတာ ဘာကိုပြောတာလဲ ။ ဒီအဓိပ္ပယ်ကို
တိတိကျ ကျပြန်လည် မဖော်ပြဘူးဆိုရင် လိင်တူချစ်သူတွေဟာ
အချိန်မရွေးဖမ်းဆီးခံနိုင်ရပါတယ်။ ဥပေဒဆိုတာ
တိုင်းသူပြည်သားတွေကို အကာကွယ်ပေးတဲ့ ဥပဒေဖြစ်သင့်ပါတယ်။ ဖိနိပ်တာမျိုး မဖြစ်သင့် ပါဘူး။
မေ၊ ဒီဥပေဒကို လွတ်တော်မှာ တင်မယ်ဆိုတာ ပြင်ဆင်ဖို့ လား ဖျက်သိမ်း ဖို့ လား။ ဘယ်လွတ်တော်အမတ်တွေကတင်သွင်းသွားမယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ လက်ရှိ လွတ်တော်အမတ်တွေထဲ မှာလဲ ဒီကိစ္စကို စိတ်ဝင်စားသူတွေ ရှိပါတယ်။
သူတို့ နဲ့ တရားဝင်ဆွေးနွေးမူတွေမလုပ်ရသေးပေမယ့် အကြမ်းပြင်းပြောထား
တာတွေရှီပါတယ်။ စာသားအရပြင်ဆင်မှာလား ဖျက်သိမ်းဖို့ လုပ်မှာ လားဆို တာ
ဆွေးနွေးနေတုန်းပါ။ ဥပေဒကြောင်း အရရော သေချာဆွေးနွေးပြီးမှ လွတ်တော် တင်ဖို
့လုပ်သွားပါမယ်။ နောက်တစ်ခု က ဒီဥပဒေပြင်ဆင်ဖို့ အတွက် ဗြိတသျှသံရုံးကလဲ
အကူညီတွေ အများကြီးပေးပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့လုပ်ခဲ့တဲ့
ဥပဒေဖြစ်တာကြောင့် ဒီဥပဒေနဲ့ ပတ်သတ်ပြီးပြင်ဆင်ဖို့ တွေ လိင်တူချစ်သူတွေ
အခွင့်အရေးနဲ့ ပတ်သတ်ပြီး ပြည်တွင်းလက်ရှိ လုပ်ဆောင်ချက်တွေကို
နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမူတွေကို အကူညီပေးပါတယ်။ ဒါ့ပြင်
အမျီုးသမီးအခွင့်အရေးလူပ်ရှားသူတွေ၊
လေးသူငယ်အခွင့်အရေးလူပ်ရှားသူ၊မသန်စွမ်းအခွင့်အရေးလူပ်ရှားတဲ့အဖွဲ စတဲ့ ကန်
့သတ်ခံထားရတဲံ သူတွေလဲ ပူးပေါင်းပြီး လုပ်ဆောင်နေ ပါတယ်။
မေး၊
ပြီးခဲ့တဲံလပိုင်းက မန္တလေးမှာလိင်တူချစ်သူတွေကို ပစ်မှတ်ထား
ဖမ်းဆီးခဲ့ပြီး အခွင့်ရေးချီုးဖောက် မူတွေ လုပ်ခဲ့တယ်ဆိုတဲ့ အပေါ်မှာရော
လက်ရှိ လိင်တူချစ်သူများ အခွင့်အရေး ကွန်ယက်အနေ နဲ့ ဘာတွေလုပ်ဆောင်
ထားပါလဲ။
ဖြေ၊
မန္တလေးမှာဖြစ်ခဲ့တဲ့ကိစ္စနဲံပတ်သတ်ပြီးမြန်မာနိုင်ငံအမျီုးသား လူ့အခွင့်
အရေးကော်မရှင်ကိုရော၊ပြည်ထဲရေးဝန်ကြီးဌာနကိုရော တိုင်ကြား စာတွေပေး ပို
့ထားပါတယ်။ဒီလိုပေးဖို့ ထားတာ ကိုစောင့်ဆိုင်းနေ တဲ့ အချိန်မှာပဲ
ဒီလိုခွဲခြား ဆက်ဆံမူတွေ တန်းတူ ညီမျှမရှိမူတွေ အတွက်
မြန်မာတနိုင်ငံလုံးမှာ လတ်မှတ်တွေကောက် ခံပြီး တော့ ရတဲ့လတ်မှတ်တွေကို
တိုင်ကြားထားတဲ့ဌာနတွေ ကိုပြန်လည် ပို့ ဆောင်ပေး သွားပါမယ်။ နောက်တစ်ခုက
ပညာပေးမယ်။ အများပြည်သူ အပမ်းဖြေတဲ့နေရာမျိုးမှာ ဘယ်သူတစ်ဦး တစ်ယောက်ရဲ့ 
လွတ်လပ်ခွင့်ကိုမှမထိခိုက်အောင်နေ ဖို့ ပညာပေးမူတွေ လုပ်သွားပါမယ်။
မေး၊ လိင်တူချစ်သူတွေနဲ့ ပတ်သတ်ပြီးလူမူဝန်းကျင်မှာ လက်ရှိမြင်နေတဲ့
အပေါ်ရော ခွဲခြားဆက်ဆံမူတွေ ဆိုတာရော ပြောင်းလဲ ဖို့ အချိန် ဘယ်လောက်
ယူရမယ်လို့ ထင်ပါလဲ။
ဖြေ၊ဒါကိုပြောရရင်တော့ နံပတ်တစ်က ပညာပေးဖို
့နစ်ပါတ် နစ်လဲပညာပေးဖို့ ပါပဲ။ နှစ်ရှည် လများအမြစ်တွယ်နေတဲ့ ဓလေ့ တစ်ခု
ကိုချက်ခြင်းကြီးပြောင်း ပစ်ဖို့ မလွယ်ပေ မယ့် မြန်မာလူမျိးတွေဆိုတာ သေချာ
ရှင်းပြ ပညာပေးရင် နားလည်နိုင်စွမ်းမြင့်သူတွေပါ။ အဓီကက လူအခွင့်အရေးတို့
လိင်တူချစ်သူတွေအခွင့်အရေး တို့ မသန်စွမ်း အခွင့်ရေးပေးဖို
့တောင်းဆိုတာတွေက အစိုးရတစ်ခုတည်း ကအခွံင့်အရေးပေးရမှာ မဟုတ်ပါဘူး။
လူတိုင်းလူတိုင်း လူသားတစ်ဦးချင်းဆီရဲ့  အခွင့်ရေးတွေ ကိုလေးစားဖို့ လို
ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
မေးမြန်းသူ - ပန်မိုးဝါ ( ရိုးရာလေး )
ရိုးရာလေး အင်တာဗျူး
No comments:
Post a Comment