သာသနာ့နယ်မြေ ကျူးကျော်ကိစ္စ အကြောင်းပြု၍ မသမာသူများက ရွာ လယ်ရှိ သာသနာ
၂၅ဝဝ စေတီ စိန်ဖူး တော်မြေခအောင် ဖျက်ဆီးမှု မွန်ပြည် နယ် ရေးမြို့
ကလော့ကျေးရွာ၌ ဖြစ်ပွား ခဲ့သည်။
”ဘုရားရဲ့စိန်ဖူးတော်ကို ကြိုးနဲ့ဆွဲ ထားတဲ့ပုံစံ။ ပြီးတော့ ဘုရားရဲ့
ခြံစည်း ရိုးတိုင်တွေအပေါ်မှာ ထိုင်းကလာတဲ့ မီး လုံးအဝိုင်းကြီးတွေ
အလှဆင်ထား တယ်။ အလုံး ၄ဝ ကျော်ပေါ့။ သူတို့ ရိုက်ခွဲထားတယ်။
ပြီးတဲ့အခါကျတော့ ဘုရားသုံးဖို့အတွက် ရေပေါ့နော်။ သောက် တော်ရေအတွက်ပိုက်
သူတို့ ဆင်ထား တယ်။ ပိုက်တွေ မြေမြှုပ် ထားတာကို လည်း သူတို့ပေါက်တူး နဲ့
ပေါက်ထား တယ်။ ပေါက်တူး တစ်လက်ကျန်ခဲ့ တယ်”ဟု ရေးမြို့ နယ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော သည်။
ယင်းကဲ့သို့ သာသနိက စေတီ အ
ဆောက်အအုံ အဖျက်အဆီးခံရမှုမှာ ဘုရားဝတ္တကမြေကို ခေတ်အဆက်ဆက်
ခြံစည်းရိုးကာရံထားခြင်းမရှိ၍ မသမာ သူများက ကျူးကျော်နေထိုင် ရောင်းချမှု
ပြုခဲ့ခြင်းကြောင့် သံဃာ့နာယကအဖွဲ့ ဝင်ဆရာတော်ကြီးများ၏ သြဝါဒကိုခံ ယူပြီး
ဒါယကာ၊ ဒါယိကာမများက ခြံ စည်းရိုးကာရံခြင်းလုပ် ငန်းဆောင်ရွက်မှု ပြု လုပ်နေ
သည့်အချိန် ကာလအတွင်း မှာပင် ဖျက်ဆီးခြင်းခံရကြောင်း ဒေါ်မိ မြင့် သန်းက
ပြောသည်။
”ဖြစ်တဲ့အချိန်က ညသန်းခေါင် ကျော်။ဘုန်းကြီးတွေလည်း
မသိဘူး။ ရွာ ကလူတွေလည်း မသိသေးဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ်ကို
ဘယ်သူမှ မသိခင် အရင်သတင်းပို့လိုက်တယ်။ ဘုရားဆွမ်းတော် တင်တဲ့သူတွေ မသိခင်
သတင်းပို့ထားပြီးပြီ။ တချို့လူတွေက ဘယ်သူလုပ်သလဲဆိုတာ မြင်တယ်။ တစ်
ယောက်တည်း လုပ်တာတော့ မဟုတ် ဘူး။ အုပ်စုလိုက်လုပ်တယ်။ ဆိုင်
ကယ်နဲ့သုံးလေးဦး လှည့်လည်ပြီးတော့ ကင်းလှည့်တာက တစ်ဖွဲ့၊ နောက်ပြီး တော့
ဘုရားကိုရော PVC ပိုက်ကိုရော ပေါက်တူးနဲ့ ပေါက်တာရော မီးလုံးကို
ရိုက်ခွဲတာရော၊ ဘုရားရဲ့ စိန်ဖူးတော် ကို ဆွဲနေတာရော အုပ်စုလိုက်ဖြစ်နေ
တယ်”ဟု အခင်းဖြစ်ပွားသည့် အချိန် တွင် အသံကြားမြင်လိုက်ရသည့် ဒေသ ခံ၏
ပြန်လည်ပြောပြချက်ကို ၄င်းက ထပ်မံပြောသည်။
ယင်းသို့
ဖျက်ဆီးခြင်းကို လူတစ် ဦး တစ်ယောက်တည်းက မည်သို့မျှ ဆောင် ရွက်နိုင်သည့်
အခြေအနေမဖြစ် နိုင်ကြောင်း၊ စေတီဝတ္တကမြေကို ခြံ စည်းရိုးခတ်နေစဉ်
အချိန်ကာလအ တွင်း ဖြစ်ပျက်ခဲ့သည့်အတွက် ရည်ရွယ် ချက်ရှိရှိဆောင်ရွက်မှုမှာ
ထင်ရှားနေ ကြောင်း ၄င်းက ဆက်ပြောသည်။
ဒေသခံ ကျေးရွာသားတစ်ဦးကို
အောက်တိုဘာ ၈ ရက်နေ့က ဆက် သွယ်မေးမြန်းရာ ”မမိသေးဘူးဗျာ။ သူတို့လည်း
အလုပ်လုပ်ရင်း ကွင်းဆက် တွေ ဘာတွေ ရှာမိတာပေါ့။ ကျွန်တော် တို့ရွာကျတော့
တခြားရွာတွေလိုမျိုး မွတ်ဆလင်တွေ ဘာတွေ လူမျိုးကွဲတွေ မရှိဘူး။ မွန်တွေပဲ
ရှိတယ်။ အခုဖြစ်တဲ့ ပုံက ဘုန်းကြီးတွေလည်း စိတ်မကောင်း၊ ဘယ်သူမှ
စိတ်မကောင်း ကြဘူးလေ။ တစ်နယ်လုံးပဲ။ အခုထိ အကောင်အ ထည်မဖော်နိုင်ဘူးဆိုရင်
နည်းနည်း အားနည်းချက်တော့ ရှိတာပေါ့”ဟု ရှင်း ပြသည်။
ယင်းဖြစ်စဉ်အတွက် ကျေးရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ
တစ်ဦးကို အာဏာပိုင်များက ၃ ရက် တာ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမှု ပြုခဲ့
ပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး ကျေးရွာသို့ ရောက်ရှိပြီးနောက်တစ်နေ့
တွင် ၄င်းစိတ်ကျန်းမာရေး ချို့တဲ့သူ သည် လည်မျိုကို ဓားဖြင့်လှီးဖြတ်ခံရ
သည့်အတွက် ရန်ကုန်ြ ပည်သူ့ဆေးရုံကြီး တွင် တက်ရောက်ဆေးကုသခံခဲ့ရ ကြောင်း
ဒေါ်မိမြင့်သန်းက ပြောသည်။
အဆိုပါ ဖြစ်ရပ်အတွက် ကျေးရွာ
သံဃာ့နာယကအဖွဲ့မှ ဆရာတော်များ က သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်း များနှင့်
အာဏာပိုင်များကို တိုင်ကြားမှု ပြုလုပ်ခဲ့သော် လည်း ၄ လ ကျော်ကြာ သည်အထိ
တရားခံများကို အရေးယူ နိုင်ခြင်းမရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်က
ပြောသည်။
”အာဏာပိုင်တွေကို ပြည်သူတွေ က ယုံကြည်မှု လျော့လာတာ မဟုတ်
ဘူး။ ယုံကို မယုံကြည်တော့တာ။ မဆိုင် တဲ့သူကို ဖမ်းတယ်ဆိုပြီးတော့။
ပြီးတော့ အုပ်စုလိုက်မှ လုပ်နိုင်မယ့်ဟာကို အရူး တစ်ယောက်တည်းကိုပဲ
ဖမ်းတယ်ဆို တာ ဒါမဖြစ်နိုင်ဘူးပေါ့။ သူတစ်ယောက် တည်းနဲ့
တရားဥပဒေစိုးမိုးမှုကို မရှိဘူး။ အရင်တုန်းက ကျွန်မ တို့ နိုင်ငံက စစ်
အာဏာရှင်တောင်မှ အဲဒီလောက်ရက် စက်ကြမ်းကြုတ်မှု မရှိခဲ့ဘူး။ အခု ဒီမို
ကရေစီနိုင်ငံရောက်မှ လူထုတွေက အ ရမ်းထိတ်လန့်ပြီးတော့ ဘာဒီမိုကရေစီ လဲ
ဒီမိုကရေစီကိုလည်း မယုံကြည် တော့ဘူး”ဟု ၄င်းက ပြောသည်။
ထိုလုပ်ရပ်သည် ပြည်သူတစ်ရပ် လုံးကို စော်ကားသည့် လုပ်ရပ်ဖြစ်ပြီး
ဗုဒ္ဓဘာသာမွန်လူမျိုးတို့အကြား အလွန် ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ်
ကြောင်း၊ တရားဥ ပဒေစိုးမိုးရေးအတွက် မေးခွန်းထုတ်စ ရာဖြစ်နေပြီး အာဏာပိုင်
များအပေါ် ယုံကြည်မှုကျဆင်းနေ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး
နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေး ဝန်ကြီး ဌာနတို့ကို တိုင်ကြားမှု ပြုလုပ်ခဲ့သော်
လည်း ပြန်ကြားစာ မရသေးကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်
မေးမြန်းမှုကို မွန်ပြည်နယ် အစိုးရအဖွဲ့ က ပြန်လည် ပြန်ကြားခဲ့ပြီး
သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက် ပေးမည်ဟု
အကြောင်းကြားစာ ရရှိထား ကြောင်း၎င်းက ပြောသည်။
ရေးမြို့နယ်
ကလော့ကျေးရွာတွင် ယခုနှစ်အတွင်း ကျေးရွာအုပ်ချုပ်ရေး မှူး ရွေးချယ်မှု
မကျေလည်ခြင်းကိစ္စ၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ အိမ်ကို
သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံ ရမှုဖြစ်ပွားခြင်း၊ အငြင်းပွားဖွယ် မြေကို
ရောင်းပြီး မီးသတ်ကား ဝယ်ယူထားမှု၊ စေတီအ ဖျက်ဆီးခံရမှု၊ စိတ်ကျန်းမာရေး
ချို့တဲ့သူကို လည်မျိုဓားဖြင့် အလှီးခံရမှု တို့ ဖြစ်ပွားခဲ့ကြောင်း ¤င်းက
ပြော သည်။
စိုင်းနောင်
Popular Myanmar News Journal
No comments:
Post a Comment