ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းသည် အင်တာနက် အသုံးပြုသူ မိဘပြည်သူများ၏ အင်တာနက်ချိတ်ဆက် အသုံးပြုမှု မြန်ဆန်တည်ငြိမ် မှုရရှိစေရေး အတွက် ဆက်သွယ်မှု ကွန်ရက် တိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ စီမံကိန်းအရ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ISP
နှင့် National Gateway များ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တပ်ဆင်ခြင်း
လုပ်ငန်းများကို သတင်းအချက်အလက်နှင့် နည်းပညာဌာနနှင့် Communications တို့
ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နေပြည်တော်တွင် လက်ရှိ ရန်ကုန် ဟံသာဝတီ ISP
Network နှင့် ချိတ်ဆက်ထားသော နေပြည်တော် POP အား အသစ်တပ်ဆင်ပြီး ဖြစ်သော
နေပြည်တော် New ISP Network အသစ် ပေါ်သို့ အောက်ဖော်ပြပါအချိန်တွင်
ပြောင်းရွှေ့ချိတ်ဆက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်းနှင့် အဆိုပါအချိန်တွင် ပြောင်းရွှေ့ချိတ်ဆက်မည့် နေပြည်တော်
POP ဧရိယာ အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
အင်တာနက်အသုံးပြုနိုင်မှုများ ခေတ္တပြတ်တောက်မည် ဖြစ်ပါကြောင်း
အသိပေးတင်ပြအပ်ပါသည်။
Mobile Guide Journal
No comments:
Post a Comment