မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ Sea game ကာလ အတွင်းမှာ ပါဝင် ယှဉ်ပြိုင် ကစားကြမယ့် ပြည်တွင်း ပြည်ပ အားကစားသမားများ အတွက်
မိုဘိုင်း
Sim Card များကို အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေး သွားဖို့
ရှိတယ်လို့ သိရပါတယ်။ အခုလို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထား
ပေးသွားမယ့် Sim Card များကို အားကစား သမားများ အနေနဲ့ ၃ လ
အသုံးပြုနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာလမှ စတင် ချသွားပေးနိုင်ဖို့ စီစဉ်လျက်
ရှိတယ် လို့လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောပြချက် အရ သိရပါတယ်။
Sim Card များကို Sea game မှာ
ပါဝင်ယှဉ်ပြိုင် ကြမယ့် ပြည်တွင်း၊ ပြည်ပ အားကစားသမား တိုင်းကို ပေးသွားမှာ
ဖြစ်ပြီး ဖုန်းပြောဆိုခ အတွက် ကိုတော့ လိုအပ်သလို ၀ယ်ယူ အသုံးပြုရမှာ
ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အခမဲ့ချပေး သွားမယ့် Sim Card များဟာ 2G
အမျိုးအစား ဖြစ်ပြီး အင်တာနက် အသုံးပြုမှု ကိုတော့ Wi-Fi ရရှိတဲ့နေရာ တွေမှာ
အခမဲ့ အသုံးပြုနိုင်ဖို့ စီစဉ်ထား ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အားကစားသမားများ အတွက် ချထားပေးမယ့် Sim Card တွေကိုတော့ ၃ လအနေ
နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး ပြည်ပနိုင်ငံများမှ Seagame လာရောက်
ကြည့်ရှုသူတွေ အတွက် ကိုတော့ ၁ လ အသုံးပြုနိုင်မယ့် Sim Card တွေကို
ရောင်းချ သွားဖို့လည်း စီစဉ်လျက် ရှိတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။
Mrtv-4
No comments:
Post a Comment