Apple QuickTake လို့ အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ် ကင်မရာ ဖြစ် ပါတယ်။ ၁၉၉၄
ခုနှစ်မှ စတင်ဖြန့်ချိပြီး ၁၉၉၇ ခုနှစ်မှာ ထုတ်လုပ်မှု ရပ်တန့်ခဲ့ တဲ့
ကင်မရာ ဖြစ်ပါတယ်။
မော်ဒယ် ကုဒ်နံပါတ်
100, 150, 200 ဆိုပြီးတော့ ၃ မျိုးထုတ်လုပ်ပြီး ပထမ တစ်မျိုးကို
ကိုယ်တိုင် အပြည့်အဝ ထုတ်ပေမယ့် နောက် ၂ မျိုးကို Fujifilm တို့လို ကင်မရာ
သီးသန့်ထုတ်တဲ့ ကုမ္မဏီများနဲ့ ပူးပေါင်း ထုတ်လုပ်ခဲ့ ပါတယ်။ ဓာတ်ပုံ
640x480 resolution အရည်အသွေး ပေးနိုင်တဲ့ ဓာတ်ပုံ သာ ရိုက်ကူး နိုင်ပါတယ်။
0.3 MPx အရည် အသွေးပါ။ 200 ကုဒ်နံပါတ် တပ် မော်ဒယ် တစ်ခုက Apple ရဲ့ 
Macintosh ကွန်ပြူတာနဲ့ တွဲသုံးလို့ ရပြီး ကျန် ၂ ခု ကတော့ Apple ကော၊
Microsoft Windows များနဲ့ ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။
ဒစ်ဂျစ်တယ် ကင်မရာ ဆိုပေမယ့် LCD Display မပါဝင်တာကြောင့် Preview
ကြည့်လို့ မရ ပါဘူး။ ဓာတ်ပုံ ကိုလည်း ကွန်ပြူတာနဲ့ ကြည့်မှ ဖြတ်လို့ ရတာ
ပါ။ 640x480 အရည်အသွေးဆိုရင် ၈ ပုံသာ သိမ်းဆည်း နိုင်ပြီး 320x240
ဆိုရင်တော့ ၃၂ ပုံပဲ သိမ်းဆည်း ထားနိုင် ပါတယ်။ 200 မော်ဒယ် တစ်ခုကပဲ
flashRAM ကဒ်ဆိုက်လို့ ရပြီး ကျန်တာ မရပါဘူး။ ကင်မရာ ဈေးနှုန်းက
အမေရိကန်ဒေါ်လာ ၆၀၀ နဲ့ ၇၀၀ ဝန်းကျင် ကိုယ်စီ ရှိပါတယ်။
အဲ့ဒီလို
အားနည်းချက်ပေါင်းများစွာ ရှိသည့်တိုင် ကင်မရာကို ၁၉၉၇ ခုနှစ်အထိ
ထုတ်လုပ်ခဲ့ ပါတယ်။ အဲဒါ စတိဗ်ဂျော့ရဲ့  အိုင်ဒီယာ မဟုတ်ပါဘူး။ ဒါကြောင့်
စတိဗ်ဂျော့ ကုမ္မဏီကို ပြန်ရောက်လာချိန် ကင်မရာ အပြင် အခြားသော ကွန်ပြူတာနဲ့
ဆက်စပ်မှု ဝေးကွာတဲ့ ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို ရပ်တန့် ခဲ့စေပါတယ်။
ကင်မရာကို စတိဗ်ဂျော့ ကုမ္မဏီမှ အထုတ်ပယ်ခံရစဉ် အချိန်ကာလက ထုတ်လုပ်ခဲ့ကြတာ
ဖြစ်ပါတယ်။
ယနေ့ သတင်းများအရ Apple ဟာ ဒစ်ဂျစ်တယ် ကင်မရာ ဈေးကွက်ကို ပြန်လည် ဝင်ရောက် လာနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
http://www.myanmaronlinenews.net/2013/10/apple.htm
No comments:
Post a Comment