ပုသိမ် မြို့နယ် ရွာဟောင်းကြီးကျေးရွာ အုပ်စုတွင် အောက်တိုဘာ ၂ရက် မှ
၆ရက်အတွင်း သစ်ခွဲသားပုံတုံး အလုံး ၃ဝဝကျော်၊ တန်၈ဝကျော် ခန့်ကို
ဖမ်းဆီးရမိခဲ့သည်ဟု သိရ သည်။
ရွာဟောင်းကြီး ကျေးရွာနေ ကျေးရွာသားများ၏ သတင်းပေး မှုအား
ပုသိမ်ခရိုင်သစ်တောရုံးမှ ဝန်ထမ်းငါးဦးပါအဖွဲ့မှ သွားရောက် ဖမ်းဆီးရာတွင်
ကျေးရွာအတွင်း ရှိ ရွာဟောင်းကြီးချောင်းထဲတွင် နှစ်မြှုပ်ထားသည့်
သစ်ခွဲသားများ ကို တွေ့ရှိခဲ့ခြင်းဖြစ် သည့် အပြင် ၎င်းချောင်းအတွင်း၌ သစ်တန်
၎ဝခန့် ဆယ်ယူရန် ကျန်ရှိနေသေး သည်ဟု လိုက်လံပြသသည့် ကျေး
ရွာသားများ၏ပြောပြချက်အရ သိရသည်။
''ရွာကချောင်းထဲကို နေ့စဉ်
သစ်ဖောင်တွေဝင်နေတာ တစ်ရွာလုံးမြင်နေကြပါ။ သစ်လာဖမ်း တဲ့သူတွေက သစ်မရှိတဲ့
ချောင်း ထဲမှာပဲ ရှာနေတယ်။ ကျွန်တော် က တခြားနေရာမှာကော မရှာ ဘူးလားဆိုတော့
သစ်ရှိမယ်၊ များ များတွေ့ မယ်ဆိုရင် ပြနိုင်ရင်ပြ မပြ နိုင်ရင်
ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲမယ်ဆိုလို့ လိုက်လံပြသ ခဲ့တာ
ရွာကချောင်းထဲမှာ မြှုပ် ထားတဲ့သစ်တွေ သုံးပုံနှစ်ပုံလောက် ပဲ
ဆယ်ပြီးတာတောင် သစ်က အလုံး ၃၀၀၊ တန် ၈ဝကျော်နေပြီ'' ဟု လိုက်လံ ပြသသူ
ရွာသား၏ပြောပြချက်အရ သိရသည်။
ပုသိမ်ခရိုင် ပုသိမ်မြို့နယ်
ရွာဟောင်းကြီးကျေးရွာနှင့်အနီး ကျေးရွာအုပ်စုများသည် နိုင်ငံပိုင်
မဲဇလီသစ်တောကြိုးဝိုင်းအတွင်း မှ သစ်များကို ခွဲသားများအဖြစ်
ပြုပြင်ပြောင်းလဲကာ ရွာအတွင်းသို့ သယ်ဆောင်ရန် ရွာဟောင်းကြီး ချောင်းထဲ
တွင် နှစ်မြှုပ် ထားရှိပြီး သတ်မှတ်အရေအတွက် ပြည့်ချိန် ကာလတွင်
စက်လှေကြီးများဖြင့် တင်ဆောင်၍ တခြားမြို့များသို့
ပို့ဆောင်ရောင်းချခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
ရွာနှင့်
ခုနစ်မိုင်ခန့်ဝေးသော တောထဲတွင် သုံးတန်ခန့်ထွက်ရှိ မည့် သစ်ပင်တစ်ပင်ကို
ယခင်က လက်ဆွဲလွှဖြင့် သယ်ဆောင်၍ရ သော သစ်ပုံတုံးဖြစ်သည်အထိ ၁၅ရက်ခန့်
ဖြတ်တောက်ခွဲစိတ်ရ သော်လည်း ယခုအခါ ချိန်းစော (ခေါ်) လက်ကိုင် အင်ဂျင်တပ်လွှ
စက်များ တွင်ကျယ်စွာအသုံးပြု လာကြသဖြင့် တစ်ရက်နှင့်ပင် ခွဲ စိတ်ပြီး
ဖြစ်သည့်အတွက် တရား မဝင်သစ်လုပ်ငန်းမှာ ပိုမိုတွင်ကျယ် လာခဲ့သဖြင့်
ရွာဟောင်းကြီး ကျေး ရွာအတွင်းသို့ နေ့စဉ်သစ် ၁၅တန် မှ တန် ၂၀ အတွင်း
သယ်ဆောင် လျက်ရှိသည်ဟု ရွာသားများက ပြောသည်။
''ဖမ်းမိတဲ့သစ်တွေက
ပိုင် ရှင်မဲ့တွေပါ။ စာရင်းအတိအကျ မသတ်မှတ်ရသေးလို့ ခရိုင်ရုံးကို တောင်
မတင်ပြရသေးဘူး။ စာ ရင်းအတိအကျရရင် ပြောပါမယ်'' ဟု ပုသိမ်ခရိုင်
သစ်တောရုံးမှ တောအုပ်ကြီးဦးထွန်းထွန်းဦးက ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြော
သည်။
လွန်ခဲ့သည့် စက်တင်ဘာ ၂ရက်ကလည်း ရွာဟောင်းကြီး
ကျေးရွာအတွင်းမှ သစ်လုပ်ငန်း ရှင်လေးဦး ပိုင်ဆိုင်သည့် သစ် ၈ ဒသမ၈၆၈၂တန်ကို
အခြားမြို့သို့ ပို့ဆောင်ရန် စက်လှေဖြင့် တင် ဆောင်နေစဉ်တွင် ရွာသားများ
မှ ဆက်သွယ်သတင်းပေးမှုဖြင့် ပုသိမ်အထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ သည်ဟုသိရပြီး
၎င်းဖမ်းမိသည့် သစ်ကို ပုသိမ်မြို့နယ် သစ်တော ရုံးမှ တရားလိုပြုလုပ်ကာ ရွာ
ဟောင်းကြီးကျေးရွာနေ ပိုင်ရှင် ဖြစ်သူ ယခင်အုပ်ချုပ်ရေးမှူး
ဟောင်းဦးရွှေရိုး၊ ၎င်း၏အစ်ကို ဦးချင့်ချိန်၊ တစ်ရွာတည်းနေ ဦးဌေး ဝင်း၊
ဦးဌေးအောင်တို့လေးဦးနှင့် စက်လှေသမားတစ်ဦးကို (၄၁-က)
အမှုအမှတ်(၂၁၆၂/၂၀၁၃)ဖြင့် ပုသိမ်မြို့နယ် တရားရုံးသို့ စက်တင်ဘာ ၂၅ရက်က
တရား စွဲဆိုရန် တင်ပို့ခဲ့ပြီးဖြစ်သည်ဟု သိရပြီး ၎င်းသစ်လုပ်ငန်းရှင်လေး
ဦးနှင့် စက်လှေမောင်းသမားတစ် ဦးတို့မှာ အောက်တိုဘာ ၉ရက် တွင်
မြို့နယ်တရားရုံး၌ သွားရောက် အမှုဆိုင်ရမည်ဟု သိရသည်။
ပုသိမ်မြို့နယ်သစ်တောရုံး မှ တရားစွဲဆိုတင်ပို့ထားသော ရွာ
ဟောင်းကြီးကျေးရွာ သစ် ၈ဒသမ ၈၆၈၂တန် ဖမ်းမိသည့် ကိစ္စတွင် အမှန်တကယ်မှာ
သစ်တန် ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ပြီး သစ်တင်စက်လှေကို ရွာဟောင်း
ကြီး ကျေးရွာ မှ မိဘမေတ္တာအမည် ရှိ စက်လှေဖြင့် အစားထိုးလဲလှယ် ကာ
ဖမ်းဆီးရမိသည်ဟု ဖော်ပြ ခဲ့သည့်အပြင် ဖမ်းမိစာရင်းဖော်ပြ သည့်
သစ်ပမာဏတန်မှာလည်း ဖမ်းမိသည့်ပမာဏထက် ခုနစ်ဆ ခန့် လျော့နည်းကွာခြားနေသည် ဟု
အထူး အဖွဲ့သို့ သတင်းပေး ဆက်သွယ်သည့် ဒေသခံရွာသား များ၏ ပြောပြချက်အရ
သိရသည်။
စိုးမိုး
Yangon Media Group
ဖမ်းဆီးရမိသော သစ်များ ။ ဓာတ်ပုံ - စိုးမိုး ဖမ်းဆီးရမိသော သစ်များ ။ ဓာတ်ပုံ - စိုးမိုး
http://www.myanmaronlinenews.net/2013/10/blog-post_1063.html
No comments:
Post a Comment