လတ်တလောမှာတော့ နန်း မြတ်ဖြိုးသင်းနဲ့ နှစ်ယောက်တွဲ Friend ဆိုတဲ့ Audio
CD ထွက်ရှိ ထားပါတယ်။ VCD အတွက်က တော့
သီချင်းတစ်ပုဒ်ချင်းစီကို ငိနေ တွေစဉ်းစားထားပြီးပါပြီ။
မကြာမီ စီစဉ်သွားမှာပါ။ ဇာတ်ကားတွေ ရိုက် ဖို့တော့မရှိပါဘူး။
သီချင်းတွေပဲဆို သွားမှာပါ။ ထုတ်လုပ်ရေးတွေက
ကမ်းလှမ်းလာတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ အားနာနာနဲ့ငြင်းလိုက်ရတာ
မျိုးလည်းရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်တစ်ခုကို စိတ်မပါ ဘဲလုပ်ရင်
ကိုယ်လည်းမကောင်း ဘူး။ သူတို့အတွက်လည်း မကောင်း ပါဘူး။ အနုပညာစလုပ်တော့ အတိုက်အခိုက်တွေကတော့ရှိပါတယ်။ ပြဿနာကြီးကြီးမားမား
မဟုတ်တောင် မှ
နည်းနည်းပါးပါးတော့ ရှိပါတယ်။
အကုန်လုံးတော့အဆင်ပြေအောင် နေပါတယ်။
အရမ်းအခြေအနေဆိုး လာပြီး သည်းမခံနိုင်လောက်အောင် ဖြစ်လာရင်တော့
သူ့ကိုသွားမပြော တော့ပါဘူး။ သူတို့ဖတ်မှာပဲဆိုပြီး facebook
မှာရေးလိုက်ပါတယ်။ ဒါ ပေမဲ့အကုန်လုံးကိုတော့မေတ္တာထား ပြီးဆက်ဆံပါတယ်။
အနုပညာအ ပေါ် ခံယူချက်ကတော့ အနုပညာ ဆိုတာအရမ်းခက်ခဲပါတယ်။ သရုပ်
ဆောင်ပဲလုပ်လုပ်၊ သီချင်းပဲဆိုဆို ဘာပဲလုပ်လုပ်ပါ။ ကိုယ်တကယ် စိတ်ပါမှ
လုပ်လို့ရတဲ့အလုပ်ပါ။ အခု ဆိုလည်း လူငယ်အဆိုရှင်အနုပညာ
သမားတွေအများကြီးပေါ်လာပါ တယ်။ သူတို့တွေက သူတို့စတိုင်နဲ့
သူတို့ကြိုးစားကြတာပါ။ တကယ် ကြိုးစားတဲ့သူတွေကတော့အောင်မြင် လာမှာပါ။
အခုနန်းသူဇာရဲ့ Audio CD ကိုအားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးလည်းတင်တယ်။
အရမ်း လည်းချစ်ပါတယ်လို့ပြောချင်ပါတယ်။
APS
8 DAYS A WEEK ENTERTAINMENT
No comments:
Post a Comment